လှိုင်မြို့နယ် တွင် WY စိတ်ကြွရူးသွပ်ဆေးပြား ၂၇၁၀ ပြား ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၁၈

၁၆-၈-၂၀၁၃ ရက်နေ့  ၂၃၃၀ အချိန် ရန်ကုန်(မူးယစ်/အနောက်) မှ ဒုရဲမှူး ခင်မောင်သိန်း ဦးစီးအဖွဲ့၊ ပိတောက်ချောင်းနယ်မြေရဲစခန်း ဒုရဲအုပ် တင်ဦး ဦးစီးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ က လှိုင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ခရေ (၄) လမ်း၊ တိုက် ၂၇၊ အခန်း ၁၀၄ (ပ) ထပ်နေ ကျော်ပို (ခ) လင်စိန်ဝှမ်း၏နေအိမ်အားရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း တီဗွီစင်အောက်ရှိ တစ်သျှူးဗူးခွံအတွင်းမှ WY စာတမ်းပါလိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၇၁၀ ပြား (ဒေသတန်ဖိုး ငွေကျပ် ၁၃၅.၅ သိန်း) နှင့် ဖုန်းတစ်လုံးအား သိမ်းဆည်းရမိခဲ့၍ ပိတောက်ချောင်းနယ်မြေရဲစခန်း မယ (ပ) ၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ  အမှုဖွင့်အရေးယူ ထားကြောင်းသတင်းရရှိသည်။

by Myanmar Police Force


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ