လက်ဝှေ့ အားကစားနည်းနဲ့ ချမ်းမီမီကို

လက်ဝှေ့ အားကစားနည်းနဲ့ ချမ်းမီမီကို၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း အားကစား ပြိုင်ပွဲ ကြီးကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပမယ့် ရက်မှာ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆီးဂိမ်း ပြိုင်ပွဲကြီး မှာ အားကစားနည်း ၃၃မျိုး ထည့်သွင်း ကျင်းပ သွားမှာ ဖြစ် ရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင် ကမ်း ခြေများမှာ ပြိုင်ပွဲ များပြု လုပ်သွား မှာ ဖြစ်ပါတယ်။

ပေါ်ပြူလာ ဂျာနယ်က တင် ဆက်နေကျ ဖြစ်တဲ့ ဆီးဂိမ်း လှုံ့ဆော်ရေး အားကစား ကဏ္ဍ အတွက် ဒီတစ်ပတ် မှာတော့ လက်ဝှေ့ အားကစားနည်း ကို သရုပ်ဆောင် ချမ်းမီမီကို နဲ့ရိုက် ကူးခဲ့ပါတယ်။ သရုပ် ဆောင် ချမ်းမီမီကိုက ငယ်စဉ်ကတည်းက အားကစား ဝါသနာ ပါခဲ့ပြီး အား ကစားလုပ်ဖြစ်ခဲ့ ပုံကို “ငယ်ငယ်တုန်းက ကျောင်းမှာတော့ တင်းနစ် ကစားတာကို သင်ဖူးတယ်။ တင်း နစ် ကစားတယ်။ အား ကစား လုပ်ရတာကို တအား ဝါသနာပါ တယ်။ ကျောင်းမှာ ဆိုရင် လည်း ကာယ လေ့ကျင့်ခန်း လုပ်တဲ့ အခါမှာ လည်းပါဖူးတယ်။ အားကစား လုပ်ရတာ တအား ကြိုက်တယ်။ သက်လုံ ကောင်းတယ်။ အမော ခံနိုင်တယ်။ အား ကစား လုပ်ပြီး သွား ရင်ချွေးတွေ ထွက်ပြီး လူက လည်း ပေါ့ပါးသွားတယ်။ အဲဒီ ခံစားမှုကို ကြိုက်တယ်” လို့ပြောပါတယ်။

မြန်မာ နိုင်ငံက ဆီးဂိမ်း အားကစား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် ကျင်းပမှာ ဖြစ်တာကြောင့် ဂုဏ်ယူမိပြီး ဆီးဂိမ်း အား ကစား ကဏ္ဍမှာ ပါဝင်ရတဲ့ အတွက် ချမ်းမီမီကိုက.. “ဒီဆီးဂိမ်း ပြိုင်ပွဲ အတွက် ချမ်းမီ တတ်နိုင်တဲ့ဘက်က ကူညီရတဲ့ အတွက် ဝမ်းသာပါတယ်။ ပြိုင်ပွဲ ဝင်မယ့် လူတွေလည်း ဇွဲမလျှော့ဘဲနဲ့ ကြိုးစားကြပါ။ မြန်မာ့ဂုဏ် ကို ဆောင်နိုင်မယ့် အားကစားသမား တွေလည်း ဖြစ်ပါစေ။ ရွှေတံဆိပ် ဆုတွေလည်း ဆွတ် ခူးနိုင်ကြပါစေ” လို့ ဆုတောင်းပေးပါတယ်။ လက်ဝှေ့ အားကစားနည်း အ တွက် ၂ဝ၁၁ အင်ဒို ဆီးဂိမ်းပြီး ကတည်းက စခန်း ဝင်လေ့ ကျင့် နေတဲ့ အာကစားသမား (ကျား)၂၇ ဦး၊ (မ) ၁၂ ဦးတို့ ကို နိုင်ငံခြား နည်းပြ နှစ်ဦး အပါအဝင် နည်း ပြ ၁၁ဦး တို့က လေ့ကျင့်ပေးနေတယ် လို့ သိရပါ တယ်။ ဆီးဂိမ်း ပြိုင်ပွဲက လက်ဝှေ့အားကစား နည်းမှာ အမျိုးသားပြိုင်ပွဲ ၈မျိုး၊ အမျိုးသမီး ပြိုင်ပွဲ ၆မျိုး ပါဝင်မှာ ဖြစ်ပြီး ရွှေ ၁၄၊ ငွေ ၁၄နှင့် ကြေး ၂၈ခု ချီးမြှင့်မှာ ဖြစ်တယ် လို့သိရပါတယ်။

ခိုင်ဝေလွင်၊ သီဟ

By Popular News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ