Wonder Girls အဖွဲ့ဝင်ဟောင်း ဆွန်မီ ဂီတလောကထဲ ပြန်ဝင်မည်


ဆိုးလ်၊ သြဂုတ် ၆

နာမည်ကျော် ကိုရီးယား အမျိုးသမီး ပေါ့ပ်ဂီတ အဖွဲ့ Wonder Girls ရဲ့ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဆွန်မီဟာ အနုပညာ အလုပ်တွေကနေ အနားယူထားရာမှ တစ်ကိုယ်တော် အဆိုတော်အဖြစ်နဲ့ ဂီတလောကထဲ ကို ပြန်ဝင်ရောက်တော့မယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ဆွန်မီဟာ ဂီတလောကနဲ့ ကင်းကွာနေတာ ၃ နှစ် နဲ့ ၇ လ ရှိပြီ ဖြစ်ပြီး ယခုအခါမှာ ဂီတလောကကို ပြန်လည် ဝင်ရောက်တော့မှာ ဖြစ်တယ်လို့ ဆွန်မီရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment က တရားဝင် ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

ဆွန်မီဟာ သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပမယ့်ပွဲမှာ တစ်ကိုယ်တော် စတင် ဖျော်ဖြေမှာဖြစ်ပြီး တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ဖို့လည်း စီစဉ်ထားတယ်လို့ JYP Entertainment အေဂျင်စီရဲ့ ကြေညာချက်အရ သိရပါတယ်။

ဒါကြောင့် ဆွန်မီဟာ JYP Entertainment က စင်တင်တဲ့ ပထမဆုံး အမျိုးသမီး တစ်ကိုယ်တော် အဆိုတော် ဖြစ်လာတော့မှာ ဖြစ်ပြီး လက်ရှိ အချိန်မှာ JYP Entertainment ရဲ့ လေ့ကျင့်ရေး ခန်းမမှာ သူ့ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်အတွက် ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေ ပြီ ဖြစ်ပါတယ်။

ဆွန်မီဟာ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာ Wonder Girls အဖွဲ့ဝင် အဖြစ်နဲ့ ဂီတလောကထဲကို စတင် ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇန်နဝါရီလ မှာတော့ ပညာရေးကို အာရုံစိုက်နိုင်ဖို့အတွက် Wonder Girls အဖွဲ့က ထွက်ခွာခဲ့သလို ဂီတလောက ကနေပါ အနားယူခဲ့တာ ဖြစ်ပါတယ်။

ဆွန်မီ ထွက်ခွာသွားပြီးတဲ့နောက်မှာ Wonder Girls အဖွဲ့ဟာ သူ့ရဲ့နေရာ ကို ဟေလင်းနဲ့ အစားထိုးခဲ့ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ