ကနေဒါ ရေဘေးရန်ပုံငွေပွဲ Nickelback ပါဝင် ဖျော်ဖြေ

ကယ်လ်ဂါရီ၊ သြဂုတ် ၁၇

ကနေဒါ ရော့ခ်ဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Nickelback အဖွဲ့ဟာ သူတို့ မွေးရပ်မြေ ကနေဒါနိုင်ငံက ရေဘေး ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာတဲ့ပွဲမှာ ပါဝင်ဖျော်ဖြေပေးခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

အဲဒီရန်ပုံငွေပွဲကို သြဂုတ်လ ၁၅ ရက်နေ့က ကနေဒါနိုင်ငံ ကယ်လ်ဂါရီမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဇွန်လထဲတုန်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှု ဖြစ်စဉ် အတွင်း ဘေးဒုက္ခ ခံစားခဲ့ရသူတွေကို ငွေကြေးနဲ့အခြား လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီရန်ပုံငွေပွဲမှာ Nickelback အဖွဲ့သားတွေအပြင် အခြားကနေဒါလူမျိုး ဂီတပညာရှင်တွေ ဖြစ်ကြတဲ့ မက်သရူးဂွတ်၊ တွမ်ကော့ခ်ျရိန်း၊ ကော့ဘ်လန်းဒ်၊ ဂျွန်နီရိဒ်နဲ့ အဖွဲ့တို့လည်း ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

ကယ်လ်ဂါရီ မြို့တော်ဝန်ဖြစ်တဲ့ နာဟိဒ်နန်ရှီက ရန်ပုံငွေပွဲမှာ ပါဝင်ဖျော်ဖြေပေးတဲ့ အနုပညာရှင်တွေနဲ့ ရေကြီး၊ ရေမြုပ်ခဲ့တဲ့ဒေသမှာ အပျက်အစီးတွေနဲ့ အမှိုက်တွေ ရှင်းလင်းတဲ့နေရာမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီခဲ့ကြသူတွေကို အထူးကျေးဇူးတင်ကြောင်း အဲဒီရန်ပုံငွေပွဲအတွက် အဖွင့်မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တယ်လို့ ကနေဒါ မီဒီယာများမှာ ဖော်ပြထားချက်အရ သိရပါတယ်။

Nickelback အဖွဲ့ကလည်း သူတို့ရဲ့ တရားဝင် တွစ်တာ စာမျက်နှာမှာ“ကနေဒါ ရေဘေးရန်ပုံငွေပွဲမှာ ဝင်ရောက် ဖျော်ဖြေခဲ့ရတဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ကနေဒါနိုင်ငံ အယ်လ်ဘာတာ စီရင်စုတောင်ပိုင်းနဲ့ မြို့တော်တိုရွန်တိုမှာ ယခုနှစ် ဇွန်လတုန်းက မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီး၊ ရေလျှံမှု များ ဖြစ်ပွားပြီး လူပေါင်းများစွာ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့တဲ့အတွက် ကနေဒါ အာဏာပိုင်များက အခုလို ရန်ပုံငွေပွဲ ကျင်းပပြီး အလှူငွေရှာခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ