Green Day အဖွဲ့အပြစ်မရှိကြောင်း တရားရုံးမှဆုံးဖြတ်

အမေရိကန်ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Green Day အဖွဲ့ဟာပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ရှိုးပွဲတစ်ခုမှာအနုပညာရှင် တစ်ဦးရဲ့ အနုပညာဖန်တီးမှုလက်ရာတွေကို ခွင့်ပြုချက်မယူဘဲ သုံးစွဲခဲ့ပေမယ့...် သူတို့ရဲ့လုပ်ရပ်ကို အပြစ်မရှိ ကြောင်း ကယ်လီဖိုးနီးယားတရားရုံးတစ်ခုက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

လော့အိန်ဂျလိစ်က အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဒါရက်ခ်ဆယ်လ်ဇာဟာ ၂၀၀၃ ခုနှစ်က ပြင်းစွာသော ဆင်း ရဲဒုက္ခကြုံတွေ့ရပြီး တွန့်လိမ်ရှုံ့မဲ့နေတဲ့မျက်နှာပုံစံတစ်ခုကို စိတ္တဇဆန်ဆန်ပုံဖော်ခဲ့ပြီး ထိုပုံကိုကြောက်လန့် စရာပုံရိပ်လို့ နာမည်ပေးခဲ့ကာ ပိုစတာတွေ၊ ကပ်ခွာတွေနဲ့ Street Art တစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကပြုလုပ်ခဲ့တဲ့ နယ်လှည့်ရှိုးပွဲတစ်ခုမှာ Green Day အဖွဲ့က "East Jesus Nowhere" သီချင်း သီဆိုချိန်မှာ နောက်ခံဗီဒီယိုပြကွက်မှာဒီပုံကို ယူငင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆယ်လ်ဇာက Green Day အဖွဲ့ကို ရှိုးပွဲလက်မှတ်တွေပေးဖို့ ကမ်းလှမ်းခဲ့ပြီး ငြင်းပယ်ခံရတာကြောင့် ဒီအဖွဲ့ကို တရားစွဲ ဆိုခဲ့တာပါ။ ဒါပေမဲ့ လော့အိန်ဂျလိစ်တရားရုံးမှ တရားသူကြီးတွေကတော့ ဆယ်လ်ဇာရဲ့အနုပညာလက်ရာ ကိုခွင့်ပြုချက်မရဘဲ ယူငင်သုံးစွဲခဲ့တယ်ဆိုတာကို လက်မခံခဲ့ပါဘူး။

Mizzima News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ