စိတ်ဖိစီးမှုကြောင့် ခရစ်ဘရောင်း အတက်ဝေဒနာ ခံစားခဲ့ရ

ဆရာဝန်များက ဘရောင်း အနေဖြင့် လုပ်ငန်းခွင်တွင် စိတ်လှုပ်ရှားမှု များပြားလွန်းခြင်းကြောင့် ယခုလို ဖြစ်ရခြင်းဟု ရှင်းပြခဲ့ကြောင်း ဘရောင်း၏ အေးဂျင့်က သတင်းထောက်များအားေ...ပြာကြားသွား

ခရစ်ဘရောင်း အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် အတက်ဝေဒနာ ခံစားခဲ့ရကြောင်း သိရှိရသည်။ အမေရိကန် Rapဂီတ အဆိုတော်သည် သောကြာနေ့က အတက်ရောဂါတစ်ရပ် ခံစားခဲ့ရပြီးနောက် ကုသမှု ခံယူခဲ့ရသည်။ သို့သော်လည်း ၎င်းသည် ဆေးရုံတက်ခဲ့ခြင်းမူ မရှိချေ။ ဘရောင်းသည် လော့စ်အန်ဂျလိစ်ရှိ Record Planet စတူဒီယိုတွင် အသံသွင်းနေစဉ် အတက်ဝေဒနာ ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ဆရာဝန်များက ဘရောင်း အနေဖြင့် လုပ်ငန်းခွင်တွင် စိတ်လှုပ်ရှားမှု များပြားလွန်းခြင်းကြောင့် ယခုလို ဖြစ်ရခြင်းဟု ရှင်းပြခဲ့ကြောင်း ဘရောင်း၏ အေးဂျင့်က သတင်းထောက်များအား ပြောကြားသွားသည်။

အသက်(၂၄)နှစ်ရှိ အဆိုတော်သည် ဝက်ရူးပြန်မှုမျိုး မဟုတ်သည့် အတက်ရောဂါမျိုး ကြုံရခြင်းဟု ၎င်း၏ အေးဂျင့် နစ်ကိုးလ်ပါနာက ဆိုသည်။ "သူက NES အတက်ဝေဒနာမျိုး ဖြစ်တာပါ။ သူ့ဆရာဝန်တွေက ပင်ပန်းလွန်းတာရယ်၊ အရမ်းစိတ်လှုပ်ရှားမှု များတာတွေရယ်ကြောင့် ခုလိုဖြစ်တာလို့ ရှင်းပြတယ်"ဟု နစ်ကိုးလ်က ပြောဆိုခဲ့သည်။ Record Planetမှ 911 အရေးပေါ် ဖုန်းခေါ်ဆိုမှုကြောင့် ရှေးဦးသူနာပြုအဖွဲ့ အလျင်အမြန် ရောက်ရှိသွားသော်လည်း ထိုအချိန်တွင် ဘရောင်းက ကုသမှု ခံယူရန် ငြင်းဆိုခဲ့သလို ဆေးရုံသို့လည်း မသွားခဲ့ဟု သိရှိရသည်။

Planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ