မိကျောင်းကြီးများနှင့် စွန့်စားနေထိုင်သည့် အမေရိကန် အမျိုးသမီး


မိကျောင်းကြီးများနှင့် စွန့်စားနေထိုင်သည့် အမေရိကန် အမျိုးသမီး အသက်(၂၅)နှစ်ရှိ အက်ရှ်လေ လောရင့်စ်သည် ကြီးမားလှသည့် သားစား မိကျောင်းကြီးများနှင့် ဖက်လှဲတကင်း နေထိုင်ရသည့် ဘဝတွင် ကျေနပ် ရောင့်ရဲစွာ ဖြတ်သန်းလျှက်ရှိသည်။
အမေရိကန်မှ အမျိုးသမီးငယ် တစ်ဦးသည် သာမန်လူများ စိတ်ကူးထဲတွင်ပင် မထည့်ဝံ့သည့် ထိတ်လန့်ဖွယ်ရာ အလုပ်မျိုးဖြင့် အသက်မွေးနေသူ ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ အက်ရှ်လေ လောရင့်စ်သည် ကြီးမားလှသည့် သားစား မိကျောင်းကြီးများနှင့် ဖက်လှဲတကင်း နေထိုင်ရသည့် ဘဝတွင် ကျေနပ် ရောင့်ရဲစွာ ဖြတ်သန်းလျှက်ရှိသည်။ အက်ရှ်လေသည် မိကျောင်းခေါင်းတိုကြီးများကို နေရာရွှေ့ပြောင်းပေးသည့် အဖွဲ့တစ်ခုတွင် ပါဝင်နေသူ ဖြစ်သည်။ သူမ၏ တာဝန်မှာ ဖလော်ရီဒါရှိ အဲဗားဂလိတ် သဘာဝ ရွှံနွံတောကြီးများထဲမှ မိကျောင်းကြီးများကို ဖမ်းဆီးကာ ၎င်းတို့ သဘာဝအတိုင်း ဘေးကင်း အေးငြိမ်းစွာ ကျက်စားနိုင်မည့် နေရာများသို့ ရွှေ့ပြောင်းပေးခြင်းဟု သိရသည်။

အက်ရှ်လေ လက်ပွန်းတတီး အလုပ်လုပ်ရသည့် ကြောက်မက်ဖွယ် တွားသွား သတ္တဝါကြီးများသည် ပေါင်ချိန် (၇၀၀)မျှထိ အလေးချိန် ရှိတတ်သည်။ တစ်ခါတစ်ရံတွင် ပေကပ်ပြီး နေရာမရွှေ့သည့် လူသားစား သတ္တဝါကြီးများကို ရေငုပ်ကာ ကိုင်တွယ်လုံးထွေးရမှုမျိုး ပြုလုပ်ရကြောင်း အက်ရှ်လေက ဆိုသည်။ "တိရစ္ဆာန် တစ်ကောင်ရဲ့ လိုအပ်ချက်၊ တိရစ္ဆာန် တစ်ကောင်ရဲ့ ဘဝပဲလေ။ ဒါကိုမှီပြီး ကျွန်မက အသက်မွေးတယ်။ ဒါဟာ ကျွန်မရဲ့ စီးပွားရေး အခွင့်အလမ်းပဲပေါ့။ ကျွန်မကိုယ်တိုင်လည်း ဒီအလုပ်မှာ ပျော်ပျော်ရွှင်ရွှင် နှစ်မြှုပ်ထားပါတယ်"ဟု သူမက ပြောကြားခဲ့သည်။

အက်ရှ်လေ၏ အဖွဲ့သည် Gator Boys Alligator Rescueဟု အမည်ပေးထားပြီး ယခုအခါ ၎င်းတို့၏ လှုပ်ရှားလုပ်ကိုင်ပုံများကို မှတ်တမ်းတင်ထားသည့် ကိုယ်ပိုင် TVစီးရီး တစ်ခုကို ဖန်တီး ရိုက်ကူးထားသည်။ ယင်းကို Animal Planet ရုပ်သံလိုင်းက ပြသပေးခဲ့သည်။ အက်ရှ်လေကမူ ထက်မြသော သွားကြီးများနှင့် (၁၇)ပေမျှ အရှည်ထိ ကြီးထွားလေ့ရှိသည့် သတ္တဝါကြီးများကို မကြောက်မရွံ့ ပျော်ပျော်ရွှင်ရွှင် လုံးထွေး လှုံ့ဆော်နေဆဲ ဖြစ်သည်။ သူမသည် အဆိုပါ လုပ်ငန်းအတွက် မည်သည့် အကာအကွယ် အထောက်အပံ့ ပစ္စည်းကိုမျှ သုံးလေ့မရှိဟု သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ