အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက် ထားတဲ့ အရာပါလို့ ဆိုတဲ့ ဂျင်းနီ

အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက် ထားတဲ့ အရာပါလို့ ဆိုတဲ့ ဂျင်းနီအနုပညာ လောကတွင် မြန်မာအက၊ သရုပ်ဆောင်၊ အဆိုတော် လုပ်ငန်း များကို လုပ်ကိုင်လျက်ရှိပြီး ပရိသတ် အားပေးမှုနေရာတစ်ခု ရရှိနေသော အဆိုတော် ဂျင်းနီက " အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု တွေနဲ့ တည်ဆောက် ထားတဲ့အရာ"ဟု ၎င်းကပြောသည်။

 "အခု လောလောဆယ် အချစ်ရေး ကတော့ အေးဆေးပါပဲ၊ အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု တွေနဲ့တည်ဆောက် ထားတာပါ၊ တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက်အားသာ ချက်တွေကို နားလည်ဖြည့်ဆည်း ပေးရမယ်လို့ နားလည်တယ်" ဟု ၎င်းကပြောသည်။

ယခု လတ်တလော ဂျင်းနီ၏ တစ်ကိုယ်တော် တေးစီးရီးအတွက် အာရုံများ နေကြောင်း၊ စိတ်တိုင်းကျ ရရှိရန် သီချင်းတွေကို အချိန်ယူစီစဉ်ဖြစ်နေကြောင်း သရုပ်ဆောင်နှင့် အဆိုဘက်ကိုသာ အာရုံစိုက်ဖြစ်နေ ကြောင်း ဂျင်းနီကထပ်မံပြောပြသည်။

အဆိုတော် ဂျင်းနီသည် အနုပညာ လောကသို့ ဟန်နွေငြိမ်း အမည်ဖြင့် စတင်လျှောက်လှမ်း လာပြီး မြန်မာနိုင်ငံဆို၊ က၊ ရေး တီးပြိုင်ပွဲတွင် အကပညာဖြင့် ရွှေတံဆိပ် ဆုများ ရရှိထား သူဖြစ်သည်။ ထို့နောက် ဂျင်းနီဟု အမည်ပြောင်း၍ သီချင်းများ သီဆိုခဲ့ပြီး အနုပညာလောကတွင် ပရိသတ် အသိအမှတ်ပြု ခံထား ရသော အနုပညာရှင် တစ်ယောက်ဖြစ်သည်။ 

  By Venus News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ