မိုးယုစံ ရွေးချယ်မယ့် အိမ်ထောင်ဖက်

(ရန်ကုန်၊ သြဂုတ် ၁၂)

သရုပ်ဆောင် မိုးယုစံက မိဘတွေ ချမ်းသာခြင်းထက် ကိုယ် ကိုယ်တိုင် ဦးဆောင်နိုင်မည့် ယောက်ျားမျိုးကို အိမ်ထောင်ဖက် အဖြစ် ပိုပြီး သဘောကျကြောင်း ဆိုသည်။

”အရင်တုန်းက ထက်စာရင် အခုချိန်မှာ လွတ်လွတ် လပ်လပ် နဲ့ စိတ်ချမ်းသာမှု အပြည့်အဝ ရှိပါတယ်။ မိုးယုကတော့ မိန်းကလေး တစ်ယောက် အနေနဲ့ အသက် ၂၇ နှစ် နဲ့ ၃ဝ ကြား အိမ်ထောင်ပြုမယ် ဆိုရင် အကောင်းဆုံး လို့ မြင်မိတယ်။ ကိုယ် ကိုယ်တိုင် ဦးဆောင်နိုင် မှလည်း ဘဝရှေ့ရေး အတွက် ကောင်းမှာလေ။ တချို့ ဆို ယောက်ျားလေး ဖြစ်ပြီးတော့ ယောက်ျားစိတ် မရှိတာမျိုးတွေ ရှိတယ်လေ။ တစ်ခုခု ဆိုရင် တာဝန် မယူရဲတာမျိုး။ အဲဒါမျိုးတွေ ရှိတယ်။ အဲဒီလိုမျိုးဆိုရင် သဘော မကျဘူး။ ကိုယ့်ကို ဦးဆောင်နိုင် ရမယ်။ ယောက်ျားလေး စိတ်ဓာတ် အပြည့်အဝ ရှိရမယ်။ ယူထားတဲ့ တာဝန်ကို ကျေကျေပွန်ပွန် လေး လုပ်နိုင်တဲ့ စိတ်မျိုး ရှိရ မယ်၊ စကားပြောတာက အစ ပြတ်ပြတ် သားသား ရှိရမယ်။ ကိုယ်တိုင်ကလည်း တည်တည် ငြိမ်ငြိမ် အေးအေး ဆေးဆေး တည်တည်တံ့တံ့လေး နေတတ်တော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ကိုလည်း တည်တည်ငြိမ်ငြိမ် ပုံစံလေးမျိုး ဆိုရင် သဘော ကျတယ်”ဟု ၄င်းကပြောသည်။

”မိုးယု ရွှေမန်းပွဲမှာ ကခဲ့တဲ့ ဂျော်နီဝေါကား အကကိုတော့ Jade Dragon က သင်ပေးတယ်။ နိုင်ငံခြား အကလည်း ဖြစ်တဲ့ အတွက် တစ်ခါမှလည်း ကိုယ်က မကဖူးဘူး။ ပရိသတ် ကလည်း ကိုယ့်ကို မမြင်ဖူးဘူး ဆိုတော့ ပိုပြီး ဂရုစိုက် ဖြစ်ပါတယ်။ Jade Dragon ကလည်း သေချာလေး သင်ပေးပါတယ်။ ကိုယ်ကလည်း တစ်ခါမှ မက ဖူးတော့ မလုပ်ဖူးတာလေ။ လုပ်ရတော့ ကျေနပ်မိပါတယ်။ အနုပညာရှင် ဆိုတာက တစ်ခုတည်း မဟုတ်ဘဲနဲ့ အားလုံးကို သိထားရင်တော့ အကောင်းဆုံး ပါပဲ။ မြန်မာ အက ဆိုလည်း မြန်မာ မိန်းကလေး ဖြစ်တဲ့ အတွက် နိုင်ငံခြား သွားတာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေ နဲ့ တွေ့တဲ့အခါမှာ မြန်မာအက က ဖော်ပြလို့ အကောင်းဆုံး ပဲဟု မိုးယုစံ က ပြောသည်။

လွင်လွင်ထွန်း

 Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ