ဘာသာစကား ၂၄ မျိုးမှ မြန်မာသို့ တိုက်ရိုက်ပြန်ဆိုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင်ထား


ဘာသာစကား ၂၄ မျိုးမှ မြန်မာဘာသာသို့ ပြောင်းလဲ ဘာသာပြန်ပေးနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင်ထားပြီးဖြစ်၍ မြန်မာဘာသာ ပြန်ဆိုမည့် သူများအတွက် လွယ်ကူ အဆင်ပြေ စေကြောင်း သိရသည်။

ယင်းဘာသာစကား ၂၄ မျိုးမှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကားများဖြစ်ပြီး။

အဆိုပါ ဘာသာစကား၂၄ မျိုးကို မြန်မာဘာသာသို့ ပြန်ဆိုရန်
http://www.myordbok.com/ သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

“ဝင်ပုံက လွယ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ထဲကို ဝင်လိုက်ပြီးရင် Search Box ထဲမှာ ဘာသာပြန်ချင်တဲ့ စာပိုဒ်၊ စာကြောင်းကို Copy၊ Paste လုပ်လိုက်ရုံပဲ။ ပြီးရင် Enter ခေါက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း
လိုသလို ဘာသာပြန်ပေးပါတယ်” ဟု အဆိုပါ ဝက်ဘ်ဆိုက်ကို လတ်တလော သုံးစွဲနေသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ http://www.myordbok.com/ သို့ ဝင်ရောက်လေ့လာကာ ဘာသာပြန်လိုသူများအနေဖြင့် ဘာသာမပြန်မီ အဆိုပါဆိုက်၏ လုပ်ဆောင်ချက်များကို ကြိုတင်လေ့လာသင့်ကြောင်းသိရပြီး အဆိုပါ ဆိုက်မှာလည်း အင်တာနက် သုံးစွဲသူများအကြား မေလ နောက်ဆုံးပတ်အတွင်းနှင့် ဇွန်လ ပထမပတ်အတွင်းမှာပင် အသုံးပြုမှု များပြားလာကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

မသိသေးတဲ့သူများအတွက် ရည်ညွှန်းပါသည်။

Posted by စိတ်ကူးပျော်ရာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ