အသက်မပြည့်သည့် မိန်းကလေးကို ခိုးယူပေါင်းသင်းသူ တရားစွဲခံရ

အသက်မပြည့်သေးသည့် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းသည်ဟု စွပ်စွဲကာ လူငယ်တစ်ဦးကို တိုင်တန်းလာ သည့် အမှုတစ်ခုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းက သြဂုတ် ၂၀ ရက်၌ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။

မိန်းကလေးငယ် ပျောက်ဆုံးသွားသည်မှာ ငါးရက်ကြာမ...ှ သူမကို အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက ခိုးယူပေါင်းသင်းနေသည်ကို မိဘများကသိရှိပြီး ယခုလို ရဲစခန်း၌ အမှုဖွင့်တိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင်
ဖော်ပြထားသည်။

မိန်းကလေးငယ်သည် စာအုပ်ငှားထွက်သွားရာမှ ပြန်မလာသဖြင့် သူမ၏အမဖြစ်သူက မိဘများကို ဖုန်းဆက် တိုင်ကြားရာ မိဘများက လိုက်လံရှာဖွေခဲ့ပြီး သူမကို အဆိုပါ လူငယ်က ပေါင်းသင်းရန် ခိုးယူထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်ဟု တရားလိုများက ရဲစခန်း၌ ထွက်ဆိုကြသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးကို ပေါင်းသင်းမိသူအဖြစ် စွပ်စွဲပြီး ရဲစခန်း၌ တိုင်တန်းခံထားရသူမှာ ကိုကျော်သန့်ဇင်ဆိုသည့် လူငယ်ဖြစ်ပြီး ယခုအမှုကို မိန်းကလေး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်တန်း ထားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယင်းအမှုကို ဒဂုံဆိပ်ကမ်း ရဲစခန်းက အမှုအမှတ်(ပ) ၂၈၄/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ လူငယ်ကို ဖမ်းဆီးစစ်ဆေးလျှက်ရှိရာ အမှုမြောက်ကြောင်း တွေ့ရှိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ ဖြင့် တရားစွဲမည်ဟု ရဲဌာနက သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ