ချမ်းချမ်း - အချစ်မပါတဲ့ အိမ်ထောင်ရေးက ပိုက်ဆံ ဘယ်လောက်ပဲရှိရှိ ပျော်ရွှင်မှုတော့ မရနိုင်ပါဘူး

လူရယ်လို့ဖြစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ်ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်နစ်နာခံတာ ကိုလည်း အချစ်လို့ဆိုပြန်ပါတယ်။ အချစ်ဒဿနဆရာတွေက အချစ် ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြ သလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...

မြင်မြင်ချင်းကြိုက်တဲ့အထဲ မှာမပါဘူး

ငယ်ငယ်တုန်းကတော့ ဘယ် သူမဆို ချောတာလေးတွေ့ရင် ကြိုက်ကြတာပဲလေ။ ဒီကောင်လေး ချောတယ်။ ဟိုကောင်လေးချော တယ်ပေါ့။ ဒါပေမဲ့ ရယူရလောက် အောင်၊ ပိုင်ဆိုင်ရလောက်အောင် ဘယ်သူ့ကိုမှမကြိုက်ခဲ့ဘူး။ မြင်မြင် ချင်းကြိုက်တဲ့အထဲမှာမပါဘူး။ တ ဖြည်းဖြည်းနဲ့ သံယောဇဉ်တွယ်ပြီး၊ တစ်ယောက်အကြောင်းတစ်ယောက် နားလည်ပြီးတော့မှ စိတ်ကိုပဲနား လည်အောင်လုပ်ပြီးမှပဲ ကြိုက်တတ် တယ်။

လက်ခံထားတဲ့အချစ်က ရိုးရိုးသာမန်ပါပဲ

အခုလက်ရှိလက်ခံထားတဲ့အ ချစ်က ရိုးရိုးသာမန်ပါပဲ။ အရမ်း ကြီးပူလောင်တဲ့ဟာကိုမကြိုက်ဘူး။ ကိုယ့်အပေါ်ကောင်းရင် ဘယ်သူမ ဆို ပြန်ကောင်းချင်ကြတာပဲလေ။ မှန်လိုပဲ။ ကိုယ်ကောင်းရင် ပြန် ကောင်းတာကိုပဲလိုချင်တယ်။ အ ရင်က ကိုယ်ချစ်နေရရင်ပြီးရောဆို တဲ့ခံစားချက်ကိုကြိုက်တယ်။ အခု တော့ ကိုယ့်ကိုကောင်းမှပြန်ကောင်း ချင်တော့တယ်။ နောက်ပိုင်းတော့ ချမ်းချမ်းလိုချင်တဲ့ပုံစံဖြစ်လာပါ တယ်။

ကိုယ့်အပေါ်မကောင်းရင် ကွဲဖို့ဝန်မလေးဘူး

ချမ်းချမ်းကြုံတွေ့ခဲ့တဲ့အချစ် က ထူးထူးခြားခြားတော့မရှိပါဘူး။ သူများတွေလိုပါပဲ။ ဒါပေမဲ့ ချမ်းချမ်း က တစ်ယောက်ဆိုတစ်ယောက်ပဲ ချစ်တတ်တယ်။ ကိုယ့်အပေါ်မ ကောင်းဘူးဆိုရင်လည်း ကွဲဖို့ဝန်မ လေးဘူး။ အရမ်းကြီးတွယ်ကပ်မ နေတတ်ဘူး။ နောက်ဆုံးအခြေအ နေထိရအောင်ညှိတယ်။ ညှိလို့မရ ဘူးဆို ကြိုက်တဲ့လမ်းသွားလို့ရ တယ်။ အရမ်းကြီးတွယ်ကပ်မနေ တတ်ဘူး။

အချစ်ဆိုတာ ရာခိုင်နှုန်းနဲ့ ဖော်ပြလို့မရဘူး

အချစ်ဆိုတာ ရာခိုင်နှုန်းနဲ့ ဖော်ပြလို့မရဘူး။ ချမ်းချမ်းကတော့ ဘက်မျှတယ်။ ဘ၀မှာလိုချင်တာကို မရရအောင်ယူတတ်တယ်။ ဒါပေမဲ့ မကောင်းတဲ့နည်းလမ်းနဲ့တော့မယူ တတ်ဘူး။ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ် ချစ်တဲ့သူ၊ အဲဒီလိုလူမျိုးကိုပဲလိုချင် တယ်။ ပိုက်ဆံတွေဘာတွေ စိတ် ထဲမှာမရှိဘူး။ ပိုက်ဆံချမ်းသာတာ ကိုလည်းစိတ်မ၀င်စားဘူး။ အဓိက က ကိုယ့်ကိုချစ်မယ့်သူ၊ ယောက်ျား ပီသမယ့်သူ၊ မိန်းမတစ်ယောက်အ ပေါ်မှာ သစ္စာရှိ၊ မဖောက်မပြန်ဘဲ နဲ့ ကိုယ့်အပေါ်မှာကိုယ်ထားသ လောက် ကိုယ့်ကိုပြန်ချစ်နိုင်မယ့်သူ ကိုလိုချင်တယ်။ အဲဒီလိုဖြစ်အောင် ကြိုးစားနေတယ်။

အားလုံးက အချစ်ပေါ်မှာ အခြေခံတယ်

ဘယ်သူမဆို အားလုံးကတော့ ခင်တာမင်တာက ချစ်ခြင်းကစတာ ပါပဲ။ အရာအားလုံးက အဲဒီချစ်ခြင်း နဲ့ပတ်သက်တာပါပဲ။ လေးနက်တာ နဲ့ပေါ့တာပဲကွာတယ်။ သူငယ်ချင်း က သံယောဇဉ်နဲ့ချစ်တာ။ မိဘက မေတ္တာနဲ့ချစ်တာ။ ချစ်သူရည်းစား က တဏှာနဲ့ချစ်တာ။ အားလုံးက တော့ အချစ်အပေါ်အခြေခံတာ ပေါ့။

အချစ်က အစားအသောက် လိုပါပဲ

အချစ်နဲ့ပတ်သက်ပြီး ဒဿန တော့မဖွဲ့တတ်ဘူး။ ဒါပေမဲ့ အချစ် က အစားအသောက်လိုပဲ။ မစားရင် သေသွားသလို အစားမစားဘဲနေ လို့မရဘူး။ အချစ်ဆိုတာကလည်း တစ်နေ့တစ်ချိန်မှာတော့ ကိုယ်နဲ့ ထိုက်တန်မယ့်လူ၊ ကိုယ့်ကိုချစ်မယ့် လူ။ အပေါင်းအသင်းပဲဖြစ်ဖြစ်၊ မိ ဘပဲဖြစ်ဖြစ်၊ မောင်နှမပဲဖြစ်ဖြစ် အ ချိန်တန်ရင် အိမ်ထောင်ဘက်ဆိုတာ ကို ရှာရမှာပဲလေ။ အချစ်က အ စားအသောက်လိုပါပဲ။

ပူလောင်တဲ့မေတ္တာဆိုတာ မရှိဘူး

အချစ်ဆိုတာ နှစ်ယောက်စ လုံးချစ်တာက အကောင်းဆုံးပါပဲ။ တဏှာရာဂပါတဲ့အတွက်ကြောင့် ချစ်တယ်လို့ပြောလိုက်ရင် ပူလောင် မှုတော့ပါတာပဲ။ အဲဒီမီးကတော့ ပူလောင်တာပဲ။ မီးဆိုတာက မ အေးချမ်းဘူးလေ။ ဒါပေမဲ့လည်း အချစ်ဆိုတာကလည်း အဲဒီမီးလေး ပါမှ မေတ္တာတို့ဘာတို့က ကွဲထွက် သွားမှာလေ။ မေတ္တာကအေးချမ်း တယ်။ ပူလောင်တဲ့မေတ္တာဆိုတာ ကမရှိဘူး။ ဒါပေမဲ့ အချစ်ဆိုတာက
ပူလောင်တဲ့အချစ်ရှိတယ်။ သူ့ကို လိုချင်ရင် သူ့ရဲ့အဆိုးအကောင်း တွေကိုတွဲယူရမယ်။ ချမ်းချမ်းက အ ချစ်ကိုကြိုက်ပါတယ်။ ကိုယ်ကမ ချစ်ဘဲမနေနိုင်တဲ့သူဆိုတော့လေ။ ကိုယ်ရထားတဲ့သူတစ်ယောက်ကို သစ္စာရှိရှိနဲ့ သူ့ကိုပျော်အောင် စိတ် ချမ်းသာအောင်ထားချင်တယ်။

အချစ်သိပ်မစစ်ကြတော့ဘူး

အခုနောက်ပိုင်း မိန်းကလေး ရော၊ ယောက်ျားလေးရော ပိုက်ဆံ ကိုအရမ်းကြည့်လာကြတယ်။ အ ချစ်သိပ်မစစ်ကြတော့ဘူး။ ဒါပေမဲ့ အချစ်ကလည်း ထမင်းစားလို့မရ ဘူးလေ။ အဓိကက အချစ်က ထ မင်းစားလို့မရဘူး။ အိပ်ရာခင်းလည်း ၀ယ်မပေးနိုင်ဘူး။ အိမ်လည်းဝယ် မပေးနိုင်ဘူး။ ဒါပေမဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုကတော့ ပိုက် ဆံဘယ်လောက်ပဲရှိရှိ ပျော်ရွှင်မှု တော့မရနိုင်ဘူး။
အိမ်ထောင်တစ်ခုမှာ အချစ် က ၅၀ရာခိုင်နှုန်းလောက်ပဲအရေး ပါတယ်လို့ထင်ပါတယ်။ ဘယ် လောက်ပဲချစ်ချစ် ပိုက်ဆံမရှိဘူးဆို အိမ်ထောင်ရေးက မြဲဖို့ခဲယဉ်းပါ တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေတင်ပြီး သံသယတွေနဲ့ အမုန်းတရားတွေနဲ့သွားနေကြမှာ ပါ။ ဒါပေမဲ့ အချစ်အခြေခံတဲ့အ တွက်ကြောင့် အနည်းနဲ့အများတော့ ကောင်းတာပေါ့။ အချစ်မပါတဲ့အိမ် ထောင်ရေးကျတော့ အန္တရာယ် ရှိတာပေါ့။

တကယ်ဆို အချစ်ပဲလိုတယ်

ချမ်းချမ်းက ကိုယ့်ဘာသာ ကိုယ်ပိုက်ဆံရှာနိုင်တယ်။ ကိုယ်ဘာ သာကိုယ်ရပ်တည်နိုင်တဲ့မိန်းမဖြစ် တဲ့အတွက် အချစ်ပဲလိုအပ်တယ်။ ပိုက်ဆံမလိုအပ်ဘူး။ ပျော်ပျော်ရွှင် ရွှင်နဲ့ သာမန်ဘ၀လေးပဲလိုအပ် တယ်။ စိတ်ချမ်းသာချင်တယ်။ အ ချစ်မရှိတဲ့အရာက ကြာကြာမခံဘူး။ ဒါကြောင့်ချမ်းချမ်းအတွက်က တ ကယ်ဆိုအချစ်ပဲလိုတယ်။
ရန်ဖြစ်မှ သူလိုချင်တာ၊ သူမ လိုချင်တာ ဘာလဲဆိုတာသိမှာ
အိမ်ထောင်တစ်ခုတည်ပြီဆို ကတည်းက သူ့ရဲ့ကောင်းတာဆိုး တာကို လက်ခံရတော့မှာပဲ။ တစ် မိသားစုတည်းမွေးတာတောင် စိတ် ဓာတ်ချင်းကတူတာမှမဟုတ်တာ။ သူများမိသားစုကမွေးတဲ့သူဆို ပိုဆိုး တာပေါ့။ လက်ငါးချောင်းတောင်မှ မညီတာ။ သူ့ရဲ့စိတ်ဓာတ်ကလည်း ကိုယ်ကြိုက်တဲ့အချက်တွေရှိသလို မကြိုက်တဲ့အချက်ရှိမှာပဲ။ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုလည်း သူကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမဲ့ အနီးစပ်ဆုံး မေတ္တာတရားနဲ့ အခြေခံ၊ သံယော ဇဉ်၊ အချစ်တို့နဲ့အခြေခံပြီး လျှော့ သင့်ရင်လျှော့၊ တင်းသင့်ရင်တင်း မယ်၊ လိုတိုးပိုလျှော့ပေါ့။ လင်နဲ့မ ယား လျှာနဲ့သွားဆိုတာဟုတ်ပါ တယ်။ ရန်ဖြစ်မှ သူလိုချင်တာဘာ လဲ၊ သူမလိုချင်တာဘာလဲဆိုတာ သိမှာပေါ့။ မြုံထားရင် အိမ်ထောင် ရေးတစ်ခုက ကြာရင်ပြိုကွဲသွားမှာ ပါ။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ