သွေးနှင့်ကင်ဆာရောဂါကြောင့် ကိုယ်ခံအားလျော့ကျသူများ ခိုချေးအနံ့ကိုရှောင်ရန်လို

သွေးရော ဂါများနှင့် ကင်ဆာရောဂါကုထုံး များကြောင့် ကိုယ်ခံအားလျော့ ကျနေသူများ ခိုချေးအနံ့ကို အ ထူးသတိထား ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း သွေးရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲမြက ပြောသည်။

သွေးဖြူဥနည်းခြင်း၊ ချဉ်ဆီ အားနည်းခြင်းနှင့် ကင်ဆာကုထုံး များကြောင့် ကိုယ်ခံအားလျော့ကျ နေသောလူနာများ၌ ကိုယ်ခံအား လျော့ကျနေလေ့ရှိရာ ခန္ဓာကိုယ် အတွင်း ပြင်ပမှပိုးများကူးစက်ရန် လွယ်ကူပြီး ပိုးကူးစက်ခြင်းဖြင့် ရောဂါအခြေအနေ ပိုမိုဆိုးရွား လာတတ်ကြောင်း၊ ခိုချေးကို ရှူ ရှိုက်မိပါက မှိုပိုးကူးစက်နိုင်ခြင်း ကြောင့် အထူးဂရုပြုရမည်ဖြစ် ကြောင်း သိရသည်။

ရောဂါပိုးများဟုဆိုရာတွင် ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ နှင့်မှိုပိုးများပါဝင်ပြီး မှိုပိုးမှာ အ ဆိုးဆုံးဖြစ်ကြောင်း သိရသည်။

''အထူးသဖြင့်တော့ မှိုပိုးကို ဆရာတို့က ပိုကြောက်တယ်။ ကြောက်စရာအကောင်းဆုံးက ငှက်ချေးပဲ။ ငှက်ချေးထဲမှာမှ ကြောက်စရာအကောင်းဆုံးက တော့ ခိုချေးပဲ။ ခိုလောက်ကြောက် စရာကောင်းတာ မရှိဘူး။ ဘာလို့ လဲဆိုတော့ ခိုချေးထဲမှာ မှိုပိုးတွေ ပိုများတယ်။ ခုခံအားကျနေတဲ့သူ တွေ၊ သွေးဖြူဥနည်းနေတဲ့သူတွေ ခိုချေးရှူမိရင်တော့ မလွယ်ဘူး။ ရောဂါကူးစက်မှု ပိုလွယ်တာပေါ့'' ဟု ပါမောက္ခ ဦးရဲမြက ပြောသည်။

တစ်ကိုယ်ရည်သန့်ရှင်းရေး ကို အထူးဂရုစိုက်ကြလေ့ရှိသော် လည်း ယင်းသို့ ငှက်ချေးများမှ တစ်ဆင့် ကူးစက်နိုင်ခြင်းကို သတိ ပြုမိလေ့မရှိကြဘဲ ခိုများမှာ နေရာ တကာတွင်ရှိနေပြီး လူအများအ နေဖြင့်လည်း ထမင်းကျန်များကို ချကျွေးလေ့ရှိခြင်းကြောင့် လူ့ ပတ်ဝန်းကျင်တွင် အနီးစပ်ဆုံးအ ခြေအနေဖြစ်ပြီး ဂရုပြုရန်လိုအပ် ကြောင်း သိရသည်။

''မှိုပိုးဆိုတာ အမျှင်လေး တွေ အလုံးလေးတွေ၊ ကျွန်တော် တို့က အဲဒါကို ပိုကြောက်တယ်။ အထူးသဖြင့် ရာသီဥတုစိုထိုင်း နေတဲ့အချိန်တွေမှာဆိုရင် မှိုပိုး တွေက ပိုကြိုက်တယ်။ ပိုပွားတယ်။ မိုးတွင်းမှာဆို အကျÐမှာ မှိုတက် တယ်။ အကျÐမှာတက်တာ ကိစ္စ မရှိဘူး။ ခန္ဓာကိုယ်ထဲတွင် ပိုးဝင် ရင်တော့ ရောဂါပိုးတွေကို ဖျက် ဆီးရတာ သိပ်ခက်ခဲပါတယ်။ ဒီ လိုလူနာတွေကလဲ ရောဂါပိုးတစ်ခု ကူးစက်သွားရင် ပျောက်ဖို့မလွယ် တဲ့အတွက် လိုက်နာရမယ့်အချက် တွေကို မိသားစုဝင်တွေကပါ လိုက် နာဆောင်ရွက်ဖို့လိုပါတယ်''ဟု သွေးရောဂါအထူးကုဆရာဝန်ကြီး ဦးရဲမြက ဆက်လက်ပြောသည်။

လူနာများအနေဖြင့် ကိုယ် ခန္ဓာအတွင်း ရောဂါပိုးဝင်ရောက် နိုင်သောနေရာများကိုလည်း သိရှိ ထားရန်လိုအပ်ကာ ယင်းတို့မှာ လက်နှင့်အရေပြား၊ အသက်ရှူ လမ်းကြောင်း၊ အစာအိမ်အူလမ်း ကြောင်း၊ ဆီးလမ်းကြောင်းတို့ဖြစ် ကြောင်း သိရသည်။

လက်ဆေးခြင်းဖြင့် ကာ ကွယ်ခြင်း၊ တစ်ကိုယ်ရည်နှင့် ပတ် ဝန်းကျင်သန့်ရှင်းရေးဖြင့် ကာ ကွယ်ခြင်း၊ အစားအစာမှတစ်ဆင့် ရောဂါပိုးမဝင်ရောက်စေရန် ကာ ကွယ်ခြင်းနှင့် လူနေထူထပ်သော နေရာများကို ရှောင်ကြဉ်ခြင်းတို့ ကို နည်းလမ်းတကျ ဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် သွေးကင်ဆာရောဂါဖြင့် ဆေး ရုံသို့လာရောက်ပြသသူများမှာ တစ်နှစ်လျှင် ၁၀ဝခန့်ရှိနေကြောင်း သိရသည်။

သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ