ဆန္ဒထုတ်ဖော်ရမှာ နေရာအတွက်လားဆိုရင်တော့ ကိုလူချောအဖွဲ့အတွက် မလိုအပ်ဘူး

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား ကိုလူချော အဖွဲ့မှ ဆန္ဒထုတ်ဖော်သွားမည်ဟူသော သတင်းများ နှင့်ပတ်သက်၍ ကိုလူချောအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ''ကိုလူချောအဖွဲ့ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့သတင်း တွေက မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘာကိုမကျေ နပ်လို့ ဆန္ဒပြရမှာလဲ။ ဆန္ဒပြတယ်ဆိုတာက သူတို့ မှာမရှိတဲ့နေရာတစ်ခုကိုလိုချင်လို့ဆန္ဒပြကြတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ကိုလူချောအဖွဲ့ ဆန္ဒ ပြမယ်ဆိုပြီးလျှောက်ဖွနေတာ ဘယ်သူလဲဆိုတာလဲ ကျွန်တော်တို့သိပါတယ်။ သူတို့ပြောသလိုမျိုး ကိုလူချော အဖွဲ့ဆန္ဒထုတ်ဖော်ရအောင် ကိုလူချောအဖွဲ့က ဘယ် အတွက် ဆန္ဒထုတ်ဖော်ရမှာလဲ၊ နေရာအတွက်လား၊ နေရာအတွက်ဆိုရင်တော့ ကိုလူချောအဖွဲ့အတွက် မလိုအပ်ဘူးလို့ ထင်တယ်။ ကျွန်တော်တို့မှာ ရသင့်ရ ထိုက်တဲ့ နေရာတစ်ခုက ရှိနေပြီးသား။ ဘယ်နေရာကို ရမှဆိုတဲ့စိတ် ကိုလူချောအဖွဲ့မှာမရှိဘူး။ ကိုလူချော အဖွဲ့ဆိုတာက ရုပ်ရှင်သရုပ်ဆောင်လူကြမ်းတွေစုပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ လေ။ ကိုလူချောအဖွဲ့က လူကြမ်းတွေကြီးပဲ ဖွဲ့စည်းထား တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပေမယ့် စိတ်ဓာတ်တွေက တော့ အောက်တန်းမကျဘူးဆိုတာကို သိစေချင်တယ်။ ကိုလူချောအဖွဲ့ကလူတွေ ဘယ်သူမှ စိတ်ဓာတ်အောက် တန်းမကျဘူးဆိုတာကို ကျွန်တော်လုံးဝ အာမခံရဲပါ တယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ပြိုကွဲအောင် လုပ်နေတဲ့သူတွေ ပျက်စီးစေချင်တဲ့ ဆန္ဒရှိနေကြတဲ့ သူတွေကို အနုပညာရှင်အစစ်အမှန်တွေက ဒီအ တိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ အဲဒီလို အနုပညာ ရှင်အစစ်အမှန်ထဲမှာလဲ စီးပွားရေးသမားတွေ မပါ ပါဘူး''

သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ