ဂါရက်ဘေးလ်နေရာ ဆွာရတ်နှင့် အစားထိုးရန် စပါး ပြင်ဆင်


ဇူလိုင် ၃၁

ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေသော စပါးအသင်း ၏ တောင်ပံကစားသမား ဂါရက်ဘေးလ်အတွက် သတ်မှတ် ထားသော ပြောင်းရွှေ့ကြေးကို ရီးရဲလ်အသင်းက သဘောတူ လက်ခံပါက စပါးအသင်း ဥက္ကဋ္ဌ ဒယ်နီယယ်လီဗိုင်းသည် ဂါးရက်ဘေးလ် နေရာတွင် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ္စဆွာရတ်ကို အစားထိုး ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

စပါးအသင်း ဥက္ကဋ္ဌ ဒယ်နီယယ်လီဗိုင်းသည် လီဗာပူးလ် တိုက်စစ်မှူး ဆွာရတ်ကို စပါးအသင်း နည်းပြဟောင်း ဟယ်ရီရက်နပ် လက်ထက် ကတည်းက အေဂျက်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားခဲ့ ခြင်းဖြစ်ပြီး ဂါးရက်ဘေးလ်အတွက် သတ်မှတ်ထားသော ပေါင် ၈၅ သန်းကို ရီးရဲလ် သဘောတူပါက အပြောင်းအရွေ့ ဈေးကွက်အတွင်း ဝင်ရောက်၍ ဆွာရတ်ကို ခေါ်ယူရန် လှုပ်ရှားမည် ဖြစ်သည်။

အာဆင်နယ် အသင်းကလည်း လီဗာပူးလ် တိုက်စစ်မှူး ဆွာရတ် ကို ခေါ်ယူရန်အတွက် အသင်းမှ ထွက်ခွာခွင့် စာချုပ် လျော်ကြေး ပေါင် သန်း၄၀ ကို တစ်ပေါင် ပိုပေးပြီး ကမ်းလှမ်းမှုကို လီဗာပူးလ် အသင်း က ငြင်းပယ်ထားကာ ဆွာရတ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၅၅ သန်းအထိ ရရှိလို နေသည်။

လီဗာပူးလ် တိုက်စစ်မှူး ဆွာရတ် ကိုယ်တိုင်က အသင်းပြောင်းမည် ဆိုပါက ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့်ရမည့် အသင်းသို့သာ ပြောင်းလိုနေ၍ စပါးအသင်း အနေနှင့် ကစားသမားကို ခေါ်ယူရန် အခက်တွေ့ဖွယ် ရှိသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ