MMA ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံအတိုက်ပြိုင်ပွဲ မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပမည်


ရန်ကုန်-သြဂုတ်၁

MMA ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံအတိုက်ပြိုင်ပွဲ မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပမည်ဟု မြန်မာမီဒီယာဂရုပ်မှ သိရသည်။

ပြိုင်ပွဲတွင် အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ ပါကစ္စတန်၊ အီရန်၊ ဂျပ်န၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာဟူ၍ နိုင်ငံပေါင်း ၉ နိုင်ငံမှ ပွဲဝင် ၁၄ ဦးတို့မှ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး အတန်း ၇ တန်းတွဲဆိုင်း ၇ ဆိုင်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီမှ ၆ နာရီအထိ သုဝဏ္ဏအမျိုးသားအားကစားရုံ ၁ တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ဒီလိုကမ္ဘာ့ချန်ပီယံလုပွဲနဲ့ MMA ကစားနည်းကို မကျင်းပဖူးတဲ့အတွက် စီစဉ်တာပါ။
အားကစားဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းခံပြီးသွားပါပြီ။ မြန်မာမှာ ပထမဆံးပွဲဖြစ်တဲ့အတွက် အားပေးကြမယ်လို့ မျှော်လင့်ပါတယ်”ဟု မြန်မာမီဒီယာဂရုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ကျင်းပသည့် ပြိုင်ပွဲတွင် ချန်ပီယံလုပွဲ ၂ ပွဲပါဝင်ပြီး အင်ဒိုချိုင်းနားဒေသ ချန်ပီယံလုပွဲ ၄ ပွဲနှင့် မြန်မာချန်ပီယံလုပွဲတစ်ပွဲပါဝင်မည်ဖြစ်ကြောင်း အနိုင်ရသူ အင်ဒိုချိုင်းနားဒေသ ချန်ပီယံများသည် MMA ကမ္ဘာ့ချန်ပီယံလုပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ဆုကြေးငွေများအး ကန်ဒေါ်လာ ၁၅၀၀ မှ ၈၀၀ အထိပေးအပ်သွားမည်ဖြစ်ပြီး ရွှေခါးပတ်များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကွင်းဝင်ကြေးအဖြစ် ရိုးရိုးတန်း ၈၀၀၀ ကျပ်၊ အထူးတန်း ၁၅၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 ပြိုင်ပွဲထိုးသတ်နေစဉ်တွင် မြန်မာအပါအ၀င် အမေရိကန်၊ တရုတ်နိုင်ငံများမျ မြနမာ့ရုပ်သံလိုင်းအဖြစ် Channel 7, MRTV-4 HD လိုင်းမှ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။az

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ