ပညာရေးဘက်ကို အချိန်ပေးဖြစ်နေတဲ့ ထွန်းအိန္ဒြာဗို

ထွန်းအိန္ဒြာဗိုက လတ်တလော British Council မှာ English Course တွေကို တက်ဖြစ်နေပြီး ပညာရေးကို စိတ်ပါနေတဲ့ အတွက် MBA ကိုလည်း ဆက် လက် သင်ကြားဦး မှာဖြစ်ကြောင်း သိရပါတယ်။... စာတွေ တအားများတဲ့ အတွက် စာနဲ့ မျက်နှာခွာလို့ မရဖြစ်နေတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗိုက

“စတာကတော့ English Course လေးတွေ တက်မယ်ဆိုပြီး စတာပဲ။ ဒါပေမဲ့ တကယ်ကျောင်း တက်လိုက်တဲ့ အချိန်မှာ ပညာရေးကို တအား ပိုစိတ် ပါသွားတော့ တက်လို့ ရတာတွေ အကုန် ကြိုးစား တက်ဦးမယ် ဆိုတဲ့ စိတ် ဖြစ်သွားတယ်။ ကျောင်းက တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေတက်တာ ၃ ရက်ပေ မယ့် ကိုယ့်ဘာသာကိုယ် Self Study တွေ ကတောက်လျှောက် လုပ်ရ တာ နေ့ရော၊ ညရော။ အိမ်စာ တွေလည်း ပါလာတယ်။ Assignment တွေပေါ့” လို့ ပြောပါတယ်။

အခုအချိန် မှာ စာတွေပြန်လေ့လာ ရတဲ့ ခံစားချက် ကိုတော့ ထွန်းအိန္ဒြာဗို က “အခု စာတွေ လုပ်နေရတော့ တအားသစ်သွားတယ်။ တအားလည်း တက်ကြွတယ်။ တကယ်လေ့လာ ဖြစ်ပြီး စာအတွက် အများကြီး အချိန် ပေးဖြစ် သွားတယ်။ ကျောင်းတက်တုန်းကတော့ Law အောင်တဲ့ အချိန်မှာ Qualified ဝင်တယ်လေ။ မာစတာတန်း ထပ်တက်ဖို့ အတွက်က အရေးအခင်း ဖြစ်သွားတော့ ပညာရေး အားလုံးက ကမောက်ကမ ဖြစ် သွားတော့ ပရော်ဖက်ရှင်နယ်က ပြောင်း သွားတယ်။ ပြောင်းသွားတဲ့ ပရော်ဖက်ရှင်နယ် ထဲ ဝင်သွားတဲ့ အချိန်မှာ လှည့်ကို လှည့် မကြည့်နိုင်တော့တာ။ အခု အလုပ်တွေ စရပ်မှ ပြန်လှည့်ကြည့်ရတယ်။ ကိုယ်တတ်ထားတဲ့ ပညာကတော့ အလကား ဖြစ်ဖို့ မရှိဘူးလေ။ Management Course လေးပဲဖြစ်ဖြစ်၊ MBA ပဲဖြစ်ဖြစ်ကတော့ ကိုယ့် မိသားစု အတွက် Manage လုပ်တဲ့အခါလည်း အသုံးဝင်မှာပဲ။ ပညာတတ်ထားတဲ့ လူတစ်ယောက် ရဲ့ အသိ၊ အတွေး အခေါ် ကတော့ အလကား ဖြစ်သွားမယ်လို့ မထင်ဘူး။ ကျွန်မ ညီမ တွေလည်း အခုထိ ပညာတွေ ဆက်သင်နေတုန်း။ သူတို့လည်း MBA တွေပြီးတဲ့ အပြင် တခြားနိုင်ငံခြား ဘွဲ့တွေလည်း ယူထားပြီးသား ဆိုတော့ သူတို့ရဲ့ တိုက်တွန်းမှုတွေကြောင့်လည်း ပါတယ်။ ကိုယ်ကိုယ်တိုင် ကျောင်း စတက်ဖြစ်တဲ့ အချိန်မှာလည်း လုပ်ချင် စိတ်က တော်တော် ရှိတော့ လုပ်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။ MBA က ၂ နှစ် တက်ရ မှာဖြစ်ပြီး စာမေးပွဲက ၅၈ ခါ ဖြေရမှာဖြစ်ကြောင်း သိရပါ တယ်။ ဒီနှစ် အတွက် တက်ဖို့နောက်ကျသွားတဲ့ အတွက် ၂ဝ၁၄ ထဲမှာမှ ပြန်တင် ရမှာဖြစ် ပြီး ဖောင်တင်တဲ့ လူတွေ အများကြီး ထဲကမှ လူနည်းနည်း ပဲ ရွေးချယ် တာကြောင့် မပါမချင်း တခြား သင်တန်းတွေ တက် ရင်း စောင့် မှာဖြစ်ကြောင်း ထွန်းအိန္ဒြာဗို က ပြောပါတယ်။

လတ်တလော မှာ ထွန်း အိန္ဒြာဗို ပါဝင် သရုပ်ဆောင်ထားတဲ့ “တိမ်မင်းသမီး ရဲ့ ဒဏ္ဍာရီ” ရုပ်ရှင် ဇာတ်ကားက ရုံတင်ပြသနေ ပြီဖြစ်ပြီး ဒီဇာတ်ကား ရိုက်ကူးမှု အတွေ့အကြုံတွေကို မေးတော့ ထွန်းအိန္ဒြာဗိုက “အဲဒီဇာတ်ကား ရိုက်တုန်းက မြွေတွေ့ တယ်။ ကျွန်မ ထိုင်နေတဲ့ ဘေးက သစ်ပင်လေး မှာ မြွေကကပ်နေတယ်။ မြွေက သံကွင်းလေးလိုပဲ ကွင်း ဆက် ကွင်း ဆက်ဖြစ်နေတာ။ ကျွန်မက ကလေးတွေ ဆော့ပြီး ကပ်ထားတယ် ထင်တာ။ အနားသွားပြီးမှ မြွေဖြစ်နေတယ်။ ကျွန်မနဲ့ နီးနီးလေးပဲ။ ကိုယ်က သိပ် အယူတော့ မရှိဘူး။ ဒီဇာတ်ကားက သေချာတာ ကတော့ မနဝရတ် တော်တော်ကောင်း ပြီးတော့ သူ့ဇာတ်လမ်း ဖြစ်တယ်။ သူလည်း တကယ် လုပ်နိုင်တယ် ဆိုတော့ သူ့အတွက် အကယ်ဒမီ လည်း မျှော်မှန်းနိုင် တဲ့ ဇာတ် ကားလေး ဖြစ်ပါတယ်။ အကယ်ဒမီလည်း ရနိုင်ပါတယ်” လို့ပြောပါတယ်။ ထွန်းအိန္ဒြာဗိုက ဒီနှစ်ထဲမှာ စိတ်ကြိုက် သီချင်းခွေ တစ်ခွေ လုပ်ဖို့ အတွက် စိတ်ကူး ရှိပေမယ့် ကျောင်းစာတွေ များနေ တာကြောင့် မလုပ်ဖြစ်သေးကြောင်းပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ