ယာဉ်အားကျော်တက်မောင်းနှင်စဉ် ဆိုက္ကားအားတိုက်မိ၍ လူသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၅

၁၅.၈.၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း အတိုင်း ယာဉ်မောင်း တင်ချို(ဘ)ဦးလှအောင်၊ တိုက်ကြီးမြို့နယ်နေသူ မောင်းနှင်လာသော ဈ/---- ဟီးနိုးခဲပြာရောင်ယာဉ် သည်
ငမိုးရိပ်(၁၀)လမ်းထိပ်အနီး အရောက် ၎င်း၏ရှေ့ရှိယာဉ်အား ကျော်တက်ရာမှ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကိုကျော်မျိုးအောင်(ဘ)ဦးကျော်၊ တောင်ဥက္ကလာပ မြို့နယ်နေသူ
နင်းလာသည့် ဆိုက္ကားအား တိုက်မိခဲ့၍ ဆိုက္ကား ပျက်စီးခဲ့ကာ ကိုကျော်မျိုးအောင်တွင် ပွန်းပဲနာကျင်ဒဏ်ရာများ ရရှိသဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ပြင်ပလူနာ အဖြစ်ကုသခဲ့ရပြီး ဆိုက္ကားပေါ်ပါခရီးသည် အမည်မသိ၊ အသက်(၅၀)နှစ်ခန့်အမျိုးသမီးမှာ ဦးခေါင်း ကြေမွဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးသွား ခဲ့သောကြောင့် ယာဉ်အား မဆင်မချင် မောင်းနှင်သူ ယာဉ်မောင်းတင်ချို အား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ