ကိုယ်သရုပ်ဆောင်တဲ့ ဘယ်ကားမဆို အကောင်းဆုံး သရုပ်ဆောင်တယ် ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

ကိုယ်သရုပ်ဆောင်တဲ့ ဘယ်ကားမဆို အကောင်းဆုံး သရုပ်ဆောင်တယ် ဆိုတဲ့ သဉ္ဇာနွယ်ဝင်း သဉ္ဇာကတော့ ရိုက်နေတဲ့အ ချိန်မှာ ဘယ်ကားက ပေါက်မယ်။ ဘယ်ကားက မပေါက်ဘူး ဆိုတာ ထက်ကိုယ် ရိုက်မယ့်လူ၊ ကိုယ့်ကိုခေါ် မယ့် producer ကလည်း ကိုယ့်ရဲ့ လုပ်အားနဲ့ သူပေးရတဲ့ ပိုက်ဆံတန် အောင် ပြီးတော့ ကိုယ့်ကိုကြည့်နေ တဲ့ပရိသတ် ကလည်း သူတို့ပေးထား တဲ့အချိန်နဲ့ ကိုယ့်ရဲ့ အနုပညာနဲ့ တန် အောင်လို့ အကောင်းဆုံး လုပ်တာပါ ပဲ။ ပေါက်တာ၊ မပေါက်တာထက် သဉ္ဇာ့အနုပညာ ပြဖို့ကို ပိုပြီးတော့မှ Target ထားပါတယ်။ အဓိကက တော့ ဇာတ်လမ်းလည်း ကွာတယ်။ ဇာတ်လမ်းကောင်းတဲ့ ကားဆိုရင် လူ တွေကပြီးတဲ့ အထိကြည့်တယ်။ ဒါက သဉ္ဇာတို့လည်း အဲဒီအတိုင်းပါပဲ။ သဉ္ဇာလည်း ဗီဒီယို ကားလေးတွေ ငှားကြည့်တယ်ဆိုရင် ကားကောင်း တယ်။

ဇာတ်လမ်းလေးလည်း ကောင်းတယ် ဆိုရင်ပြီးတဲ့ အထိကြည့် တယ်။ အဓိက ကတော့ ပရိသတ် တွေကြိုက်တဲ့ ကားနဲ့ ကိုယ်ကိုယ်တိုင် ကြိုက်တဲ့ ကားနဲ့ကတော့ အမြဲတမ်း ထပ်တူကျတာ များပါတယ်။ ဓာတ်ပုံ ဆိုရင်လည်း ဒီလိုပဲလေ။ လူတစ် ယောက်က ဒီဓာတ်ပုံကို လှတယ်လို့ ပြောသလို တခြားတစ်ယောက်က မလှဘူးလို့ ပြောတယ်ပေါ့။ အဲဒီလို အမျိုးမျိုးပဲ။ ဒီလို ဗီဒီယိုကားတွေမှာ ဆိုရင် တစ်နာရီခွဲ လောက်ကြည့်ရ တဲ့အချိန်မှာ ပရိသတ်က တစ်ကွက် ကလေးပဲ ကြိုက်သွား တယ်ဆိုရင် လည်း ဒီတစ်ကွက်ကလေးနဲ့ ကိုယ့် ကိုအမြဲတမ်း အမှတ်တရ နေတာမျိုး တွေလည်းရှိတယ်ဆိုတော့ အဓိက ကတော့ ဘယ်အခန်း မဆိုအကောင်း ဆုံးဖြစ်အောင် လုပ်ပြီးတော့မှပဲ ပေါက်ဖို့မျှော်လင့် ရတာပါပဲ။

တချို့ ကားတွေ ပရိသတ် မသိတဲ့ အခါရော သဉ္ဇာစိတ်ထဲမှာ ဘယ်လိုဖြစ်မိသေး လဲဆိုတာကိုတော့ တချို့ကားလေး တွေကျတော့ ကိုယ်ကိုယ်တိုင်က အများကြီးလုပ်ထားတယ်။ ဒါပေမဲ့ အဲဒီလိုအကုန်လုံးကားပြီးသွားတဲ့အခါ မှာထင်သလောက်ကြီး မကောင်း တာမျိုးလေးတွေဖြစ်တယ်ဆိုတော့ ကိုယ်ကိုယ်တိုင်လည်း နောက်တစ် ခါရိုက်တဲ့အခါမှာ ဘယ်လိုပိုကောင်း အောင်လုပ်မယ်ဆိုတာ မျိုးလေးတွေ တော့ သိသွားတာပေါ့။ အဲဒီတော့ အမြဲတမ်း ကောင်းအောင် လုပ်ဖို့က တော့ သဉ္ဇာအမြဲတမ်း ကြိုးစားပါ တယ်။ 

မိုးထက်ကျော်

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ