ကိုယ်ကောင်းရင် ကောင်းသလို ညံ့ရင်ညံ့သလို ဝေဖန်ခံရမှာပဲ ဆိုတဲ့ အိချောပို

ကိုယ်ကောင်းရင် ကောင်းသလို ညံ့ရင်ညံ့သလို ဝေဖန်ခံရမှာပဲ ဆိုတဲ့ အိချောပိုပေါက်ကား ဆိုတာနဲ့ ပတ်သက် ပြီး အခုနောက်ပိုင်း ဆိုရင်လည်း ချောရိုက်ထားတဲ့ ဇာတ်လမ်းတွေ ဆန်းတယ်။ ထွက်တော့ မထွက်သေး ပါဘူး။ ကိုပြေတီတို့၊ ကိုနေတိုးတို့နဲ့ ရိုက်ထားတာပါ။ အဲဒီကားလေးတွေ ထွက်လာရင်လည်း ပရိသတ်တွေ ကြိုက်ကြမှာပါ။ ပေါက်မယ်လို့လည်း ထင်ပါတယ်။ ကိုယ်လုပ်တဲ့ ပေါ်မှာ မူတည်တာလေ။ ကိုယ့်ရဲ့ကြိုးစားမှု ပဲပေါ့။ ကိုယ်ညံ့သွား ရင်တော့ ညံ့သ လိုထွက်လာမှာ ပဲလေ။

အဲဒါကြောင့် မို့ ဒါက ပရိသတ်ရဲ့စကားသံပဲ စောင့် ကြည့်ရမှာပေါ့။ ကားတစ်ကား ပေါက်တာ မပေါက်တာ ဘာတွေ များကွာခြားသေးလဲ ဆိုရင် အားလုံး တက်ညီလက်ညီနဲ့ အပေးအယူတွေ မျှကြဖို့ရယ်နောက်ပြီးတော့ ဇာတ် လမ်းလည်း သူ့ဟာနဲ့သူ အံဝင်ခွင်ကျ ပရိသတ်ကြိုက်တဲ့ ဇာတ်လမ်းမျိုး လေးဖြစ်ဖို့ရယ် လို့တော့ အိချောထင် တယ်။ ပြီးတော့ ဆန်းတဲ့ပြကွက်က လေးတွေလို့တော့ ထင်တယ်။ တချို့ ကားလေးတွေ ကျတော့လည်း မ ပေါက်ဘူး။ ဒါပေမဲ့လည်း ပရိသတ် ကြိုက်လားဆိုတော့ ကြိုက်ကြတယ်။

အဲဒီလိုဇာတ်လမ်း မျိုးလေးတွေလည်း ရှိပါတယ်။ ပေါက်တာ ကကျတော့ လည်း လူတိုင်းပါးစပ် ဖျားမှာကို အဲ ဒီကားကဆိုပြီး ဖစ်သွားတာလေ။ ကျန်တဲ့ ကားတွေလည်း ဒီလိုပဲ ပရိသတ်ကြည့်ရုံလောက်နဲ့ ဒါကောင်း တယ်ဆိုတဲ့ ကားမျိုးလေးတွေလည်း ရှိတာပဲ။ ဒါကတော့ အားလုံးကိုယ် ရိုက်တဲ့ကားတိုင်းပေါက်တယ်လို့ တော့ ရှိချင်မှရှိမယ်လေ။ အဲဒီထဲက မှတခြားပေါက်တဲ့ကားဆို ]ယော ကျာ်းကိုရောင်းစားမယ်} တို့ဘာတို့ ဆို နာမည်ကလည်း ဆန်းနေတယ် လေ။ ဒါရိုက်တာ ဦးညီရိုက်တာပါ။ ဟာသကားလေ။ တခြားနာမည် ဆန်းတဲ့ car တို့ဆိုရင်လည်း ပေါက်တယ်။ နောက်တခြားကား တွေလည်းပေါက်ထား တာရှိပါတယ်။ 

မိုးထက်ကျော်

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ