မွေးကင်းစကလေးတစ်ဦး စွန့်ပစ်ခံရ၍ သေဆုံး

မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ခံရ၍ သေဆုံးမှုတစ်ခု သင်္ဃန်းကျွန်းမြို့နယ်တွင် သြဂုတ် ၂၃ ရက်က ဖြစ်ပွားခဲ့ရာ စွန့်ပစ်သူများကို ဖမ်းဆီးအရေးယူရန် သုဝဏ္ဏနယ်မြေရဲစခန်းမှ ရဲများက စုံစမ်းနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး က သတင်းထုတ်ပြန်သည်။

ကလေးငယ်သည် သင်္ဃန်းကျွန်းမြို့နယ်၊ ယုဇနလမ်းမှ အိမ်တစ်လုံး၏ရှေ့ရှိ ပန်းအလှအုတ်ခုံပေါ်တွင် စွန့်ပစ်ခံ ထားရခြင်းဖြစ်ပြီး ကလေးငယ်ကို တွေ့ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တိုင် တန်းခဲ့ကြသည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ကလေးငယ်သည် ကိုယ်အလေးချိန် လေးပေါင်ခန့်သာရှိသည့် ယောက်ျားလေး ဖြစ်ကြောင်း၊ ကနဦးတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ထိန်းသိမ်းစောင့်ရှောက်ထားကာ မိဘအုပ်ထိန်းသူများကို လိုက်လံစုံစမ်းခဲ့ကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော် ကလေးငယ်သည် သြဂုတ် ၂၃ ရက် နံနက် ၂ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ထိုကလေးငယ် ကို စွန့်ပစ်ခဲ့သည့် အုပ်ထိန်းသူ (သို့မဟုတ်)မိဘများကို စုံစမ်းအရေးယူပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ တိုင်တန်းလာသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းက အမှုအမှတ်(ပ) ၂၆၇/ ၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူ များကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၁၇ ကလေး စွန့်ပစ်မဖြင့် တရားစွဲဆိုမည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ