ရွှေဆုရ ဗိုဗီနမ် ကစားသမား တစ်ဦးကို ကျပ် သိန်းသုံးဆယ် ချီးမြှင့်

ရန်ကုန် သြဂုတ် ၂၅

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် SEA Games အကြို လေးနိုင်ငံ ဖိတ်ခေါ် ဗိုဗီနမ် (ဗန်တို) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိသည့် အားကစားသမား တစ်ဦးလျှင် ကျပ် သိန်း သုံးဆယ်စီ ဂုဏ်ပြု ချီးမြှင့် ခဲ့ကြောင်း မြန်မာ ဗိုဗီနမ် အသင်းနည်းပြ ဦးဆန်းဝင်းက ပြောကြားသည်။

ယင်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရ ကစားသမားကဲ့သို့ ငွေတံဆိပ်ဆုရ ကစားသမား တစ်ဦးလျှင် ကျပ် သိန်း ၂၀၊ ကြေးတံဆိပ် ဆုရ ကစားသမားလျှင် သိန်း၂၀ စီ ချီးမြှင့်ခဲ့ပြီး နည်းပြအဖွဲ့ ခုနစ်ဦးကို တစ်ဦးလျှင် ကျပ် တစ်သိန်းစီ ချီးမြှင့်ခဲ့ရာ ယင်းဆုများကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်း ဖြစ်သည် ဟု ၎င်းက ဆိုသည်။

(၂၇) ကြိမ်မြောက် SEA Games တွင် ပါဝင် ယှဉ်ပြိုင်မည့် ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှားနိုင်ငံမှ ကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲ၌ အမျိုးသား အမျိုးသမီး အပြပြိုင်ပွဲ ၁၂ မျိုး၊ အမျိုးသား အမျိုးသမီး အတိုက် ပြိုင်ပွဲ ၆ မျိုး ကျင်းပခဲ့ရာ မြန်မာ (က) အသင်းက ရွှေ တံဆိပ် ၆ ခု၊ ငွေ တံဆိပ် ၅ ခု၊ ကြေး တံဆိပ် ၆ ခုဖြင့် နိုင်ငံအလိုက် ပထမ၊ ဗီယက်နမ်အသင်းက ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၇ခု၊ ကြေး တံဆိပ် ၃ခုဖြင့် ဒုတိယ၊ လာအိုအသင်းက ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် တတိယရ၊ အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေး တံဆိပ် ၉ ခုဖြင့် စတုတ္ထ ရရှိခဲ့ပြီး မြန်မာ (ခ) အသင်းက ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၃ ခုသာ ရခဲ့ပြီး ပဉ္စမနေရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

SEA Games ပြိုင်ပွဲအကြို ဗိုဗီနမ်ပြိုင်ပွဲကို နေပြည်တော်ရှိ ပရိသတ် သုံးထောင်ဆံ့ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) တွင် သြဂုတ်လ ၂၂ မှ ၂၄ ရက်နေ့ ထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲကို ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘာဒီးယားနှင့် အိမ်ရှင် မြန်မာတို့ ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲကို ရွှေ တံဆိပ် ၁၈ ခု၊ ငွေ တံဆိပ် ၁၈ ခု၊ ကြေး တံဆိပ် ၂၄ ခု ချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ တာဝန်ခံ ဆလိုင်းဟာထန်က ပြောကြားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ