ချစ်သူနှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် အီဗာလောင်ဂရီယာ

Desperate Housewives စတား အီဗာသည် Ready For Love အစီအစဉ်တွင် အာနက်စ်တို ပါဝင်ကူညီခဲ့သည့်နောက် အချင်းချင်း စတင်သိကျွမ်း ဆုံဆည်းလာခဲ့သည်။

(၄)လမျှ လက်တွဲခဲ့သည့်နောက် အီဗာလောင်ဂရီယာတစ်ယောက် ချစ်သူ အာနက်စ်တို အာဂွယ်လိုနှင့် လမ်းခွဲလိုက်ပြီဟု သိရှိရသည်။ Desperate Housewivesစတား အီဗာသည် Ready For Love အစီအစဉ်တွင် အာနက်စ် တို ပါဝင်ကူညီခဲ့သည့်နောက် အချင်းချင်း စတင်သိကျွမ်း ဆုံဆည်းလာခဲ့ သည်။ အာနက်စ်တိုသည် မီယာမီမှ စွန့်ဦးတီထွင် စီးပွားရေးသမား တစ်ဦးလည်း ဖြစ်သည်။ Ready For Loveသည် အီဗာကိုယ်တိုင် ဖန်တီးထားသည့် Reality TV Show တစ်ခုလည်းဖြစ်ပြီး အာနက်စ်တိုနှင့် တွေ့ဆုံ စကားပြောရင်း ယင်းတို့နှစ်ဦး ချစ်သူများ ဖြစ်လာခဲ့သည်။ ယခုအခါတွင်မူ ပျော်စရာ ဇာတ်လမ်းများ နိဋ္ဌိတံသွားပြီဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။

အီဗာ၏ သူငယ်ချင်း တစ်ဦးက အီဗာက သူတို့ချင်း ရှေ့မဆက်သင့်တော့ ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက အာနက်စ်တိုအတွက် သိပ်လည်း ထိခိုက်ပုံတော့ မရဘူး။ သူက ပျော်ပျော်ပါပဲဟု ဆိုသည်။ အသက်(၃၄)နှစ်ရှိ အာနက်စ်တိုနှင့် ရင်းနှီးသူများကမူ ယခုသတင်းအတွက် အံ့ဩကြောင်း ဆိုသည်။ အာနက်စ်တိုသည် အသက်(၃၈)နှစ်ရှိ အီဗာကို လက်ထပ်ရန်အထိ ရည်ရွယ်ထားခြင်းဟု ၎င်း၏ အတွင်းသိ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ အီဗာက လက်ထပ် ထိမ်းမြားခြင်းအပေါ် အလေးအနက် ယုံကြည်မှု ရှိသူပါ။ အာနက်စ်တိုဟာ တစ်ကိုယ်တည်း ဘဝမှာ ခပ်ပျော်ပျော် နေချင်နေမယ်။ ဒါပေမဲ့ သူဟာ ဘယ်သူ့ကိုမှ သစ္စာဖောက်လေ့ မရှိပါဘူး။ ပြီးတော့ ဘာသာရေး သက်ဝင်မှုလည်း သိပ်အားကောင်းတယ်။ ပြီးတော့ မိသားစုဘဝကို ခင်တွယ်သူမျိုးပါဟု အာနက်စ်တို၏ မိတ်ဆွေရင်း တစ်ဦးက ပြောကြားခဲ့သည်။

၎င်းကပင် ဆက်လက်၍ကျွန်တော်တို့ အားလုံး ခန့်မှန်းထားတာ က နောက်နှစ်ထဲမှာ သူတို့နှစ်ယောက် လက်ထပ်မယ်လို့ပါ။ ဒါက တကယ့်ကို စစ်မှန်တဲ့ အခြေအနေလေ။ သူတို့က တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါတယ်။ အာနက်စ်တိုရဲ့ မိသားစုကလည်း အီဗာကို သဘောကျကြတယ်။ ခုတော့ ဘယ်လို အခြေအနေတွေ ဖြစ်လာတယ် ဆိုတာကို မတွေးတတ်တော့ဘူးလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ