ဗြိတိန် နံပါတ်သုံး အဆင့် တင်းနစ် ကစားသမားများ ဗန်ကူဗာအိုးပင်း ဗိုလ်လုပွဲများသို့တက်ရောက်


ဗြိတိန်နံပါတ်သုံး အဆင့်ရှိ တင်းနစ် ကစားသမားများ ဖြစ်ကြသော ဒန်အီဗန်နှင့် ဂျိုဟန်နာကွန်တာတို့သည် ဗန်ကူဗာအိုးပင်း တင်းနစ်ပြိုင်ပွဲ၏ တစ်ဦးချင်း ပြိုင်ပွဲ ဗိုလ်လုပွဲများသို့ အသီးသီး တက်ရောက် သွားကြပြီ ဖြစ်ကြောင်း သိရသည်။

အီဗန်သည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အမေရိကန်မှ ဘော်ဘီရေးနော့အား (၆-၃)၊ (၆-၄) မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ကွန်တာသည် ဆီမီးဖိုင်နယ်တွင် ဂျပန်မှ ကူရူမီနာမာအား (၇-၆)၊ (၆-ဝ) မှတ်ဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗြိတိန် တင်းနစ် ကစားသမား နှစ်ဦးသည် ဗိုလ်လုပွဲများတွင် ကနေဒါ နိုင်ငံသား ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။အီဗန်သည် ဗာဆိဗေါ့စ်ပီဆေးလ်နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သလို ကွန်တာကရှာ ရွန်ဖစ်မန်နှင့် ယှဉ်ပြိုင် ကစား ရမည်ဖြစ်ကြောင်း သိရသည်။

ကွန်တာသည် ကမ္ဘာ့အဆင့် ၁၄၇ နေရာတွင်ရှိပြီး အီဗန်မှာမူ ၂၄၈ နေရာတွင် ရှိသူဖြစ်ကာ ၎င်းတို့သည် အဆင့်မြင့် ကစားသမား ရာကျော် အား ကျော်တက်၍ ဗိုလ်လုပွဲ အထိတက် ရောက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ