မေလ ကုန်ပိုင်းကတည်း မာ့ခ်ဇူကာဘတ်ကိုယ်တိုင် အခမ်းအနားနဲ့ ကျင်းပပြီး မိတ်ဆက်ပေးခဲ့တဲ့ Feature သစ် ဖြစ်ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစရာ တစ်ခုက အသုံးပြုသူနည်းခြင်း ဖြစ်ပါတယ်။
Verify လုပ်ထားတဲ့ အကောင့်နဲ့ Page က အမည်ပေးမှာ အမှန်ခြစ် အဖြူရောင်ပေါ် အပြာရောင်အဝိုင်းလေးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ တကယ်အစစ်မဟုတ်တဲ့ Fake အကောင့်များကို ပယ်ဖျယ်စေချင်လို့ ဖြစ်ပြီး တကယ့် အစစ်အမှန် လူ၊ ကုန်ပစ္စည်းတို့နဲ့ တိုက်ရိုက်ထိတွေ့စေချင်လို့ ဖြစ်ပါတယ်။ ဒီတော့ Fake အကောင့်လည်း ပျက်သလို ဂျာနယ်လစ်၊ ရုပ်ရှင် သရုပ်ဆောင်၊ အနုပညာရှင်၊ Celebrity နဲ့ အခြား ကုန်ပစ္စည်း Brand များကို အမှန်တကယ် တွေ့ဆုံ မိတ်ဆက် နိုင်စေရ မယ်လို့ ဆိုပါတယ်။
ပွဲမှာ လက်တွေ့ပြသမှုအနေနဲ့ ဆယ်လီနာဂေါမက်ဇ်ရဲ့  Official Fan Page နဲ့ ယခုလို ပြသခဲ့ပါတယ်။ ယင်း Feature ကို Facebook တို့ ခွင့်ပြုပေး လိုက်ပြီ ဖြစ်ပေမယ့် User အတော်များများနဲ့ စိမ်းနေပါသေးတယ်။ ဘယ်လို Verify လုပ်ရမှန်းတောင် တော်တော်များများ မသိကြသေးပါဘူး။ အကောင့် ကို Verify လုပ်မှုနဲ့ ပက်သက်လို့ အသေးစိတ် အချက်အလက်ကို Facebook Help Center မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
https://www.facebook.com/help/196050490547892
Aung Kham (Stuff Myanmar)
Stuff Myanmar Magazine
Facebook တွင် Feature သစ် Verify
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
နည်းပညာ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin