စည်းချက်နဲ့အညီ ရွေ့လျား စည်းလုံးမှုအင်အား

အကအဖွဲ့တွေအနေနဲ့ စု စည်းမှုအားကောင်းမှ ရေရှည် တည်တံ့တယ်လို့ပဲ ဆိုရမှာပါ။ စည်းလုံးမှုနဲ့အတူ ကကွက်အသစ် တွေကိုဖော်ရင်း စည်းချက်တွေ အတိုင်း ရွေ့လျားနေကြတဲ့ အက အဖွဲ့တွေရဲ့ စည်းလုံးမှုအကြောင်း စကားသံများကို စုစည်းဖော်ပြ လိုက်ပါတယ်။

ယူရေနီယမ်အကအဖွဲ့

" ကျွန်တော်တို့အဖွဲ့မှာ ရှိ တဲ့ အားလုံးကအဖွဲ့ကို ချစ်ကြတယ်။ စိတ်ထားတွေကျတော့ ညှိယူရတဲ့စိတ်မရှိပါဘူး။ Team Work ရှိတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေပိုပြီးထိရောက်တယ်။ အကမှာဆိုလည်း အကြံဥာဏ် ဖလှယ်တာထက် စီနီယာ၊ ဂျူနီယာ ရှိတယ်။ ပေးလာတဲ့ အိုင်ဒီယာ တွေကို အကုန်စဉ်းစားပြီး လုပ် ကြတယ်။ အကထွင်တဲ့ တာဝန် တွေလည်းရှိတယ်။ Team Work ရှိရင် အားလုံးအဆင်ပြေတယ်"

Life & Dance အကအဖွဲ့

" ကျွန်တော်တို့ အဖွဲ့က ၂ဝဝ၁ခုနှစ် ၅ လပိုင်း ၂၇ရက်နေ့ မှာ စတင်တည်ထောင်ခဲ့တယ်။ အဓိကထားတဲ့ ရည်ရွယ်ချက်
ပန်းတိုင်က ကျွန်တော်တို့က ဖျော်ဖြေရေးဖြစ်တဲ့အကကို ဝါ သနာပါတဲ့အတွက် အနုပညာ လောကမှာ ဒီအကနဲ့ပဲ ရပ် တည်ချင်တယ်။ ပြီးတော့ ကျွန် တော်တို့လို အကကိုဝါသနာပါ တဲ့
မျိုးဆက်တွေကို မွေးထုတ် ပေးချင်တယ်။ မြန်မာပြည်မှာ ရှိတဲ့ပရိသတ်တွေကို အကောင်း ဆုံးဖျော်ဖြေနိုင်တဲ့ အကအဖွဲ့ အနေနဲ့ အနုပညာလောကမှာ ရပ်တည်ချင်တယ်။

တစ်ဦးတစ် ယောက်တည်းနဲ့ အဖွဲ့အစည်း လိုက်အလုပ်လုပ်ရတဲ့ ကွာခြား ချက်ဆိုရင် အဓိကကတော့ အဖွဲ့အစည်းတစ်ခုကတစ်ယောက် နဲ့တစ်ယောက် စိတ်ဓာတ်ချင်း မတူညီကြဘူး။ ကျွန်တော်တို့
က စိတ်ဓာတ်ကို ဦးစားပေးညှိ တယ်။ တကယ်ကိုက ချင်တဲ့ စိတ်ရှိမှအဖွဲ့အစည်းစိတ်ဓာတ် ရှိမှ၊ ဒီအဖွဲ့အစည်းက အောင် မြင်မှာ။ ကျွန်တော်အဖွဲ့ကိုတော့ စိတ်ဓာတ်နဲ့ပဲ အရင်ညှိတယ်။

ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ရှိဖို့ အဖွဲ့ အစည်းအပေါ်သစ္စာရှိဖို့ အဲဒီစိတ် ဓာတ်အားလုံးကို ဦးစားပေးလုပ် ယူပေးတယ်။တစ်ယောက်တည်း သမားကျတော့
အဆင်ပြေတာ ပေါ့။ သူ့စိတ်ကြိုက် လုပ်ရုံပဲ။ သူလုပ်ချင်တဲ့အရာ၊ သူသွားချင် တဲ့ပုံစံသွားလို့ရပေမယ့် အဖွဲ့ အစည်းကျတော့ တအားခဲရင်း တယ်။

တစ်ဖွဲ့လုံးတစ်သားတည်း ဖြစ်ဖို့အတွက်လုပ်ရတယ်။ အက တစ်ပုဒ်တိုက်မယ်ဆိုရင်လည်း တစ်ယောက်တည်း ကတာနဲ့ တစ်ဖွဲ့လုံးကတာ မတူဘူး။ ၃ မိနစ်သီချင်းတစ်ပုဒ်ကို အက အတွက် လေ့ကျင့်တာ ၃ရက် ဖြစ်သွားသလို ၃ပတ်လည်းဖြစ် သွားတတ်တယ်။ ၃နာရီ လည်း ဖြစ်သွားနိုင်တယ်။ အဖွဲ့က ပို ပင်ပန်းပြီး ပိုရင်းနှီးရတယ်။ Team Work စိတ်ဓာတ်ရှိရင် ဘာမဆိုဖြစ်တာပဲ။အခုဆို ကျွန် တော့်အဖွဲ့တွေက အတွေ့အကြုံ များလာပြီ၊ လေ့လာတာလည်း များလာပြီဆိုတော့ ကျွန်တော် အားကိုးရပါတယ်။ အိုင်ဒီယာ ကို အမျိုးမျိုး ဖလှယ်ကြပါတယ်"

Jade Dragon အကအဖွဲ့

" ညီမတို့ အဖွဲ့လေးက ၂ဝဝ၈၊ ၂ လပိုင်း ၅ရက်နေ့မှာ စဖွဲ့ခဲ့တယ်။ စတွေ့တဲ့ သူငယ်ချင်းအားလုံးကလည်း ဒီအကကို ဝါသနာပါကြတယ်။ ဒီလူငယ်တွေပဲဆိုပေမယ့် ဖြစ် မြောက်အောင် လုပ်နိုင်တယ်။ ဖြစ်မှာမဟုတ်ဘူး။ လူငယ်တွေ ပဲလို့ ပြောကြတာကို ငါတို့ဖြစ် အောင် လုပ်နိုင်တယ်။ ကိုယ်ဝါ သနာပါတာကိုရွေး ချယ်ပြီးအောင် မြင်အောင်လုပ် မယ်ဆိုပြီးလုပ် တယ်။

တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင်လုပ်တယ်။ ဒါက တစ်ယောက်တည်းကျတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ရပ် တည်လို့ရပေမယ့် အဖွဲ့အစည်း နဲ့ကျတော့ ညှိနှိုင်းပြီးလုပ်ရ
တယ်။ ညီမတို့အဖွဲ့ကညီပြီး သားပါ။၂ဝ၁၄မှာလည်း ထူးခြား မယ့် ပါဖောမန့်တွေကို တင်ဆက်ဦးမှာပါ"

ပေါ်ပြူလာအဖွဲ့

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ