ရွန်နီ မန်ယူတွင် ဆက်ကစားဖြစ်ရန် ဗန်ပါစီ မျှော်လင့်

ဗန်ပါစီကမူ ရွန်နီ အနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် ဆက်ရှိစေလိုပြီး ၎င်းအနေဖြင့် ယူနိုက်တက်အတွက် ဆက်လက် အကျိုးပြုနိုင်လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

ဝိန်းရွန်နီ အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်သာ ဆက်ကစားဖြစ်ရန် မိမိ မျှော်လင့်ကြောင်း ရော်ဘင် ဗန်ပါစီက ထုတ်ဖော် ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ရာသီက ယူနိုက်တက် တိုက်စစ်တွင် အတွဲညီညီ ကစားခဲ့သူ နှစ်ဦးအနက် ရွန်နီသည် ယခုဈေးကွက် ကာလအတွင်း အသင်းမှ ထွက်ခွာနိုင်ကြောင်း သတင်းကြီးလျှက် ရှိသည်။ ဗန်ပါစီကမူ ရွန်နီ အနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် ဆက်ရှိစေလိုပြီး ၎င်းအနေဖြင့် ယူနိုက်တက်အတွက် ဆက်လက် အကျိုးပြုနိုင်လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။ ရွန်နီကို ချယ်လ်ဆီးအသင်းက အလေးအနက် ခေါ်ယူလိုနေသော်လည်း ယူနိုက်တက်ကမူ ကစားသမားကို ရောင်းမည်မဟုတ်ဟု တုံ့ပြန်ထားသည်။

ဗန်ပါစီကအသင်းမှာ လူတိုင်းက ရွန်နီကို ဆက်ရှိစေချင်ကြပါတယ်။ သူကိုယ်တိုင်လည်း ယူနိုက်တက်မှာ ဆက်နေချင်မယ်လို့ ကျွန်တော် ထင်တယ်။ ယူနိုက်တက်ကို ကျွန်တော် ပြောင်းခဲ့တဲ့ အဓိက အကြောင်းရင်း တစ်ရပ်က ရွန်နီနဲ့ တွဲကစားချင်လို့ပါ။ သူအသင်းမှာ ဆက်နေစေချင်ပါတယ်ဟု ဆိုသည်။ ၎င်းက သူဆက်ရှိဖို့လည်း ကျွန်တော် အလေးအနက် မျှော်လင့်ပါတယ်။ ရွန်နီဟာ ဂိုးသွင်းရုံသက်သက် ကစားတာမျိုး မဟုတ်ဘဲ တစ်ကွင်းလုံးမှာ အင်တိုက်အားတိုက် လိုက်ဖြည့်တတ်သူပါ။ သူက အရှုံးကို မုန်းတယ်လေ။ ဒါကြောင့်လည်း တစ်မိနစ် တိုက်စစ်ဆင်ပြီး နောက်တစ်မိနစ်မှာ ခံစစ်အတွက် အားကြိုးမာန်တက် ကစားပေးလေ့ ရှိပါတယ်။ သူဟာ အသင်းအတွက် သိပ်ကို အသုံးဝင်သူပါ။ ရွန်နီ ပြန်လာပါလိမ့်မယ်။ သူက စိတ်ဓာတ်ခိုင်မာတဲ့ သူမျိုးလေဟုလည်း မှတ်ချက်ပြု သွားခဲ့သည်။

Planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ