အမေရိကနဲ့ စပိန်ကို ဟန်နီမွန်း ထွက်ခဲ့တဲ့ အနဂ္ဂနဲ့ သံသာဝင်း

ဧပြီ ၃ဝရက်နေ့က အမေရိက နဲ့ စပိန်နိုင်ငံကို မိသားစုအလည် ခရီးထွက်ခဲ့ပြီး ဇူလိုင် ၂၅ရက်နေ့ မှာပြန်လည်ရောက်ရှိခဲ့ပါတယ်။ဒီခရီးစဉ်က မိသားစု အလည်ခရီးလည်းဖြစ်သလိုအနဂ္ဂနဲ့ သံသာဝင်းတို့ ကြင်စဦးမောင်နှံရဲ့ ဟန်းနီးမွန်းခရီးလည်းဖြစ်ပါ တယ်။

အမေရိကမှာ ၂လကြာခဲ့ပြီး၊ စပိန်မှာတော့ ၁လ ကြာခဲ့ပါတယ်။ ၂နိုင်ငံပေါင်း ၃လ ကြာခဲ့တဲ့ အတွင်းမှာ အမျိုးတွေဆီကို လည်ပတ်ခဲ့ကြ ပြီး အထင်ကရနေရာတွေ၊ Music Concert ပွဲတွေကို လေ့လာခဲ့ကြပါတယ်။ အမေရိက နိုင်ငံလက်ဗီး ဂတ်စ်မြို့မှာတော့ အဆိုတော်စလင်း ဒီယွန်းရဲ့ ဖျော် ဖြေပွဲကြီးကို ကြည့်ဖြစ်ခဲ့ကြပါတယ်။ အဆိုတော် စလင်းဒီယွန်ရဲ့ ဖျော်ဖြေပွဲမှာ စတိတ်အပြင်အဆင် ပိုင်း၊ တစ်ပုဒ်နဲ့ တစ်ပုဒ်အကူးအပြောင်း၊ Lighting ပိုင်း၊ လူတွေရဲ့ စည်းကမ်းရှိမှု၊ သီချင်းဆို လိုက်ပြီ ဆိုတာနဲ့ ပရိသတ်တွေက အပ်ကျသံတောင် မကြားရဘဲ သူ့ကိုအားပေးမှုတွေ အဲဒါတွေက တအားကအတုယူစရာကောင်းကြောင်း သံသာဝင်း က ပြောပါတယ်။ အနဂ္ဂနဲ့ သံသာဝင်းက International ကား မောင်းလိုင်စင်လုပ်သွားခဲ့ပြီး အမေရိကမှာ ရောက်နေတဲ့အစ်ကိုဖြစ် သူရဲ့ကားကိုယူပြီး ၂ယောက်သားတစ် ယောက်တစ်လှည့် စီမောင်းပြီးလျှောက် လည်ကြတဲ့အတွက် သူတို့ နိုင်ငံရဲ့ ယာဉ် စည်းကမ်းတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံအများကြီးရခဲ့တယ်လို့ သံသာဝင်းက ဆိုပါတယ်။

အနောက်နိုင်ငံချင်းအတူတူ ဖြစ်ပေမယ့် စပိန်နဲ့ အမေရိကရဲ့ မိသားစုဘဝနေထိုင်မှု ပုံစံတွေက ခြား နားမှုတွေအကြောင်းကို သံသာဝင်းက "အမေရိကန်တွေကြတော့ မိသားစုကို အရေး မပေးဘူး။ အဖေ၊ အမေကို တစ်ပတ်နေ မှ တစ်ခါခေါ်မယ်။ နှစ်ပတ်နေရင် တစ်ခါခေါ် မယ်။ သိပ်ပြီးတော့ အလေးအနက် မထားဘူး။

စပိန်မှာကြတော့ မိသားစုတွေ တအားနွေးထွေး တယ်။ ညနေပိုင်းဆိုရင် သူတို့တွေက အဖေ၊ အမေအိမ်လာပြီး မုန့်တွေလာစားကြနဲ့တအား နွေးထွေးတယ်။ကလေးတွေကိုလည်းတအား ဂရုစိုက်ကြတယ်" လို့ သူမြင်တွေ့ခဲ့ရတဲ့၂နိုင်ငံရဲ့ ကွာခြားမှုကို ဖော်ပြပါတယ်။

အမေရိကနဲ့ စပိန်နိုင်ငံတွေကနေ လေ့ လာခဲ့တဲ့ မြူးဇစ်ပုံစံတွေကို အခြေပြုပြီး တစ် ကိုယ်တော်အခွေအတွက် ဘယ်လိုပုံစံတွေ ထည့်သွင်းမယ်ဆို တာမျိုး စဉ်းစားနေပြီလားလို့ သံသာဝင်းကို မေးတော့ "မြန်မာပြည်မှာကျ တော့ ရှေ့ပြေးနေတိုင်းလည်း လူမကြိုက်ပြန် ဘူး။ဒါပေမဲ့အခွေတစ်ခွေကိုပရိသတ် အကြိုက် ချည်းပဲ အကုန်လုပ်မလား၊ ကိုယ် တကယ်လုပ် ချင်တာကိုလုပ်မလား၊ ဒါမှမဟုတ် ပရိသတ် ကြိုက်တာနဲ့ ကိုယ်လုပ်ချင်တာကို လုပ်မလား ဆိုတာကို ပြန်စဉ်းစားတယ်။ ကိုယ်က မိန်း ကလေးကျတော့လည်း ပရိသတ်ဘက်ကို နည်း နည်းဦးစားပေး တာလည်းပါတယ်။ အစ်မ ထင်တာကတော့ မျှလုပ်ရင် ပိုအဆင်ပြေ မယ်ထင်တယ်။ ဘယ်သူမဆို ခေတ်စားတိုင်း တော့ လုပ်ချင်တာပဲလေ။ ဒါပေမဲ့ ကိုယ့် အသံ နဲ့ လိုက်ဖက်မှုကလည်းရှိ သေးတယ်။ နောက် အစ်မကအစကတည်းကပေါ့ပ်နဲ့ပဲစခဲ့တာလေ။ ဒါကြောင့်မြူးဇစ်မှာတော့ အစ်မလိုင်းမပြောင်း ချင်ဘူး။ မြူးဇစ်မှာတော့ Trend တစ်ခုတည်း ကိုသွားချင်တဲ့ ဆန္ဒရှိတယ်" လို့ ပြောပါတယ်။ သူတို့ဇနီးမောင်နှံကတော့ ဂီတကို အသွေးအသား ထဲကဝါသနာပါတဲ့အတွက် ဂီတနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို လည်း သံသာဝင်းကပြောပါတယ်။

လင်းအက္ခရာ

Popular Jpurnal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ