ကတိမတည်တဲ့ သူနဲ့အလုပ်လုပ်ရမယ် ဆိုရင် စိတ်ရှုပ်ရမှာဆိုတဲ့ ကောင်းပြည့်


ကတိမတည်တဲ့ သူနဲ့အလုပ်လုပ်ရမယ် ဆိုရင် စိတ်ရှုပ်ရမှာဆိုတဲ့ ကောင်းပြည့်ကျွန်တော်က ကတိပေး ခဲ့တယ်။ အကယ်၍ ကတိပေးပြီးပြီ ဆိုရင်လည်း အဲဒီကတိ တည်အောင် ကျွန်တော် ကြိုးစားတယ်။ ကတိဆိုတာ အဓိက လူကပေး ထားတာပေါ့။ ကျွန်တော်ဆို ယောကျာ်းမို့လို့ ယောကျာ်းစကား တည်အောင် လုပ်ပါတယ် အကယ်၍ ကျွန်တော် ကတိဖျက် လိုက်တယ်။ တစ်ခါပဲ ရမှာပေါ့။ နောက်တစ်ခါဆို ရင် ကျွန်တော့် စကားကို ဘယ်သူယုံ တော့မှာလဲ။ အဲဒီအခါ ဘယ်သူက ကျွန်တော်နဲ့ ဆက်ပြီးလက်တွဲ အလုပ် လုပ်ချင် တော့မှာလဲ။ ကတိဆိုတာ ကိုယ်ပေးနိုင်မှ ပေးတာ အကောင်း ဆုံးပဲ။ ကတိပေးထားပြီး ကတိပေး ထားသလို မလုပ်နိုင်ဘူးဆိုရင် အဲဒီ လူတွေက နောက်ဘယ်တော့မှယုံ တော့မှာမဟုတ်ဘူး။ ကျွန်တော်လုပ် နေတဲ့အနုပညာ အလုပ်နဲ့ပတ်သက် ပြီး ကျွန်တော် သေချာစဉ်းစားတယ်။ ကျွန်တော်ပေးနိုင်မှ ကျွန်တော် လုပ်တယ်။ ရှုတင်နဲ့ ပတ်သက်ပြီး ရက်ချိတ်ရင်လည်း အဲဒီရက်ကိုရအောင် ကျွန်တော်ပေးတယ်။ မဟုတ်ရင် တော့ ကျွန်တော် ကတိမပေးဘူး။ ကျွန်တော်သာ ကတိပျက်ရင် ကျွန် တော်တစ်ခါစား လူဖြစ်သွားလိမ့် မယ်။ ကျွန်တော့်ကြောင့် တစ်ဖက် လူစိတ်အနှောင့်အယှက် ဖြစ်တာမျိုး မရှိရအောင် ကျွန်တော်ကြိုးစား တယ်။ မြန်မာ လူမျိုးတွေက ကတိ ကိုအရမ်းတန်ဖိုး ထားကြတယ်။ က တိမတည်တဲ့သူက သုံးစားလို့ မရနိုင် ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ကတိမတည်တဲ့ သူနဲ့တွဲပြီး အလုပ်လုပ် ရမယ်ဆိုရင် အရမ်းစိတ်ရှုပ်ရမှာ။ အဲဒါကြောင့် အရာရာကို ကိုယ်နဲ့ နှိုင်းပြီး၊ ကိုယ်နဲ့တွေးပြီး ကိုယ်ပေး ထားတဲ့ကတိကို တည်အောင်ကြိုး စားပါတယ်။ ပရိသတ်တွေ အတွက် ကျွန်တော် အမြဲကြိုးစား သွားမှာပါ။

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ