ရုပ်ရှင်ကားကြီးက အသစ်တွေအတွက် အခွင့်အရေး နည်းပါတယ်ဆိုတဲ့ မင်းသွေး


ရုပ်ရှင်ကားကြီးက အသစ်တွေအတွက် အခွင့်အရေး နည်းပါတယ်ဆိုတဲ့ မင်းသွေး ရုပ်ရှင်ကားကြီးက အသစ်တွေ အတွက် အခွင့်အရေး နည်းပါးတဲ့ အပေါ်ဘယ်လိုမြင်လဲ ဆိုတော့ အဲဒါ ကတော့ ဟုတ်ပါတယ်။ ဈေးကွက် အတွက်၊ ကုန်ကျစရိတ် အတွက် ပြန် တွက်မယ် ဆိုရင် နည်းနည်းအခွင့် အရေးနည်းတယ်။ အခက်အခဲက တော့ရှိမှာပါ။ အတွေ့အကြုံ များတဲ့ သူတွေအတွက် မပြောတတ်ဘူး။ အတွေ့အကြုံနည်းတဲ့ သူတွေကျ တော့ ရုပ်ရှင်ကားကြီးကို သေသေ ချာချာလုပ်မှ ရမယ်။ အရင်ကနဲ့မတူ တာတော့ အရင်ကဖလင် ဆိုတော့ run ရင် မ run သလောက်ကုန်တယ်။ အခုကျတော့ ဒစ်ဂျစ်တယ်ဆိုတော့ မလိုတဲ့နေရာတွေမှာ ဖျက်လို့ရ တယ်။ ဖလင်တန်ဖိုး ကတော့ သက် သက်သာမှုရှိတယ်။ ပရိသတ် အားပေးမှု နှုန်းလည်းနည်းနည်း ကွာမယ်။ အသစ်တစ်ယောက်ကို လာကြည့်ဖို့ ကတော့ နည်းနည်းတော့ အခက် အခဲရှိမယ်လို့ ထင်တယ်။ ရုပ်ရှင်ကား ကြီးဆိုတာက ပရိုဂျူဆာတွေက အရင်းအနှီးလည်း ရှိသေးတော့ အသစ်တွေက အခွင့်အရေးနည်း ပါးတာပါ။ ကျွန်တော်ကတော့ အနုပညာ စလုပ်ကတည်းက ပရိ သတ်ကြိုက်တာ ချည်းပဲလည်း မလုပ် ဘူး။ ကျွန်တော်ကြိုက်တာ ချည်းပဲ လည်းမလုပ်ဘူး။ နှစ်ဖက်မျှအောင် တော့လုပ်တယ်။ ကံတရားရယ်၊ ကြိုးစားမှုရယ်၊ လုံ့လရယ်ပေါင်းတဲ့ အတွက် တစ်နေ့ကျရင် အောင်မြင်မှု ရမယ်လို့ ထင်ပါတယ်။

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ