ကြို့ကုန်းကားမှတ်တိုင်တွင် ခါးပိုက်နှိုက်များဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၈

၁၇.၈.၂၀၁၃ ရက်နေ့ ၁၂၂၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) မှတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းကားမှတ်တိုင်တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် စောင့်ဆိုင်းနေစဉ် ရန်ကုန်-မှော်ဘီခရီး သည်တင်ဟိုင်း လတ်ယာဉ်ပေါ်မှ ဆင်းလာသော ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ စိန်ဝင်း(ဘ)ဦးလူတင်၊ ကျိုက်ထိုမြို့နယ်၊ ခင်ရွှေ(ခ)အုန်းဖေ၊ (ဘ)ဦးစန်းမောင်၊ လှိုင်သာယာမြို့နယ်နှင့် မိုးကျော်ဦး(ခ)နားပေါက် (ဘ)ဦးကျော်ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နေသူတို့(၃)ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ခင်ရွှေ(ခ)အုန်းဖေ၀တ်ဆင်ထားသော အင်္ကျီအိတ်ကပ်အတွင်းမှ ငွေကျပ်(၁၃၈၀၀)အားတွေ့ရှိသဖြင့် စစ်မေးရာ အဆိုပါယာဉ်လိုင်းပေါ်ပါ ခရီးသည်အမျိုးသား တစ်ဦးလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိန်ဝင်းနှင့် မိုးကျော်ဦးတို့က လူကာပေးစဉ် ခင်ရွှေ(ခ)အုန်းဖေမှ နှိုက်ယူရရှိခဲ့သော ငွေများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သိမ်းဆည်းပြီး ၎င်းတို့(၃)ဦးအား အင်းစိန်မြို့မရဲစခန်း(ပ) ၈၉၆/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ