အခုလိုနေရာ တစ်နေရာ ရအောင်လို့လည်း လွယ်လွယ်ကူကူနဲ့တော့ ရခဲ့တဲ့အရာ မဟုတ်ပါဘူး( ဟဲလေ )

မေး - လတ်တလော အနုပညာလှုပ်ရှားမှု ဘာ တွေလုပ်နေလဲ ပြောပြပေးပါဦး။
ဖြေ - လတ်တလောက ကျွန်တော် 'ဒယ်ဒီဟဲ လေး'အခွေကို MTV ရိုက်နေတယ်။ ကိုးပုဒ် လောက်ပြီးသွားပြီ။ သီတင်းကျွတ် လောက်ထွက် ဖြစ်အောင် ကြိုးစားနေတယ်။
မေး - ပွဲတွေသိပ်ဆိုတာ မတွေ့ရတော့သလိုပဲ။ ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ - ဟုတ်တယ်။ ဒီရန်ကုန်မှာတော့ မဆိုဖြစ် ဘူး။ ပြည်ပခရီးစဉ်တွေကို သွားဆိုတာများတယ်။ ပြည်ပကိုလချီပြီးတော့ သွားဆိုနေရတာ။ တစ်လ လောက်ကြာတယ်။ ဩစတြေးလျရယ်၊ ထိုင်း နိုင်ငံဘက်တွေကို သွားဆိုနေတာပါ။
မေး - တက်သစ်စ အဆိုတော်တွေနဲ့ပတ်သက်ပြီး သူတို့အတွက် အနုပညာလောကမှာ နေရာတစ် နေရာရဖို့ ဘယ်လိုကြိုးစားရင် အဆင်ပြေမလဲ။
ဖြေ - တစ်ယောက်နဲ့တစ်ယောက်က အောင်မြင် မှု ရတာချင်းမတူဘူးလေ။ ကျွန်တော်တို့တုန်း က ဒီလိုလမ်းကြောင်းက လိုက်လို့အောင်မြင်မှု ရချင်ရပေမယ့် သူတို့တွေကျတော့ ကျွန်တော်တို့ လမ်းကြောင်းအတိုင်း လိုက်လို့အဆင်ပြေချင်မှ ပြေမှာလေ။ ဘယ်လို ကြိုးစားရမယ်ဆိုတာ ကိုယ်နဲ့ပဲ သက်ဆိုင်တယ်။ ကိုယ့်ရဲ့ရိုးသားမှု၊ ကိုယ့် ရဲ့ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။ ကိုယ်လုပ် လိုက်တဲ့ အပြုအမူအပေါ်မှာ အပျက်သဘော တွေက အကောင်းအဆိုး ခွဲခြားသွားပါလိမ့်မယ်။
မေး - အနုပညာလောကမှာ နေရာတစ်နေရာရ အောင် ဘယ်လိုကြိုးစားခဲ့ရလဲ။
ဖြေ - သူ့ဟာနဲ့သူ နေရာတစ်နေရာရအောင် ဖြတ်သန်းခဲ့ရတာပေါ့နော်။ အတိုင်းအတာတစ် ခုအထိတော့ ဖြတ်သန်းရတာပဲ။ ပြောရရင်တော့ အရှည်ကြီးပဲ။ အခုလိုနေရာတစ်နေရာရအောင် လို့လည်း လွယ်လွယ်ကူကူနဲ့တော့ ရခဲ့တဲ့အရာ မဟုတ်ပါဘူး။
မေး - အရင်တုန်းက ဒီယံ၊ အစ္စဏီတို့နဲ့တွဲဆိုခဲ့ တယ်နော်။ နောက်ပိုင်းမှာ တွဲဆိုဖို့ရောအစီအစဉ် မရှိဘူးလား။
ဖြေ - သူတို့တွေနဲ့ အမြဲဆိုဖြစ်ပါတယ်။ ကျွန် တော့်အခွေထဲမှာပဲဖြစ်ဖြစ် သူတို့ကို ကျွန်တော် တတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။
မေး - ဂီတလမ်းကြောင်း ပေါ်ရောက်ဖို့ ဘယ်လောက် အထိ ကြိုးစားခဲ့ရလဲ။
ဖြေ - အမှန်အတိုင်းပြော ရရင် ကျွန်တော်တို့က အစ ကတည်းက ချမ်းသာတဲ့အ သိုင်းအဝိုင်းက ဆင်းသက် လာတဲ့သူတွေ မဟုတ်ဘူး လေ။ ဂီတတစ်ခုတည်းကိုရူး သွပ်လို့သာ အဲဒီစိတ်တစ်ခုတည်းနဲ့ လုပ်ဖြစ်ခဲ့တာ။ နောက်တစ်ခုက အနု ပညာဝမ်းစာအတွက်ပါ ဖြည့်တင်းရ တာပေါ့နော်။ အနုပညာကို မြတ် နိုးလို့လုပ်ရင်း ဝမ်းရေးအတွက်ပါ လုပ်ခဲ့ရတယ်။ အခက်အခဲကတော့ အများကြီးပဲ ရှိတာပေါ့နော်။ ဒါ ပေမဲ့ ကျွန်တော်တို့ အနုပညာသ မားမှတင် မဟုတ်ပါဘူး။ စီးပွားရေး သမားတွေဆိုလည်း သူ့ဟာနဲ့သူ အ ခက်အခဲဆိုတာရှိတာပဲ။ အောင်မြင် အောင်လုပ်တဲ့နေရာမှာလည်း အဲ ဒီလိုပဲ။ အောင်မြင်အောင် တော့ လူတိုင်း ကြိုးစားနေ ကြတာပဲလေ။ အဓိကက ကိုယ်ကြိုးစားရမယ်။ ဇွဲ၊ ဝီရိယ၊ ကံ၊ ဉာဏ်ကိုအ သုံးပြုရမယ်။ ဒါပေမဲ့ အောင်မြင်မှုကိုတော့ ဘယ် သူမှ ရေရှည်ထိန်းသိမ်း လို့မရဘူး။ လူတိုင်းမွေးဖွားလာကတည်းက သေ ဖို့ချည်းပဲလေ။ အဲဒီလိုပဲ အောင်မြင်မှုဆိုတာ လူ တိုင်းရချင်တော့ရမယ်။ အဲဒီအောင်မြင်မှုကိုပဲ ပိုမိုခိုင်မြဲအောင် ပိုပြီးတော့အားစိုက်ထုတ်ကောင်း မွန်အောင်တော့ လုပ်ရမယ်လို့တော့ ထင်တယ်။
မေး - အစ္စဏီ၊ ဒီယံတို့ကိုရော အစ်ကိုဘယ်လို အကူအညီမျိုးတွေပေးခဲ့လဲ။
ဖြေ - သူတို့ကို အနုပညာလောကမှာ နေရာ တစ်နေရာရအောင်လို့ ကျွန်တော့်သူငယ်ချင်း တွေကို ကိုယ်တတ်နိုင်သလောက် အကူအညီပေး ခဲ့ပါတယ်။ ဆိုတေးတို့ကိုလည်း အဲဒီအတိုင်းပဲ။ အခုလည်း သူတို့က ပရိသတ်လက်ခံထားတဲ့အဆို တော်တွေဖြစ်နေပြီဆိုတော့ ကျွန်တော်ဝမ်းသာ ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း သူတို့မှာလိုအပ် ချက်တွေရှိတဲ့အခါ ဘယ်လိုလေးလုပ်ရမလဲဆိုပြီး တော့ ပြောပြပေးတယ်။ သူတို့ကြိုးစားအားထုတ် မှုရော၊ ကံရောရှိလို့ အခုသူတို့ခိုင်ခိုင်မာမာရပ် တည်နေတယ်။ သူငယ်ချင်းတွေ စည်းစည်းလုံး လုံးနဲ့ အခုလိုအောင်မြင်တော့ ပျော်တယ်။ ကိုယ် ကူညီနိုင်တဲ့ အနုပညာပိုင်းဆိုင်ရာနဲ့ တတ်နိုင်သ လောက် ကူညီခွင့်ရတာကိုလည်း ကျေနပ်တယ်။
မေး - ကိုယ်ဆိုနေကျပုံစံနဲ့မတူတဲ့ သီချင်းအ သစ်တွေ ဖန်တီးဖို့ရောရှိလား။
ဖြေ - ရှိပါတယ်။ တစ်ချိန်ချိန်မှာတော့ ထူး ခြားတဲ့သံစဉ်တွေကို ပရိသတ်ရှေ့ကို ချပြဖို့ကြိုး စားနေတယ်။
မေး - ပရိသတ်အတွက် စကားတစ်ခွန်းလောက် ပြောပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အခုလိုအချိန်မျိုးကို ရောက်အောင်အားပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ 'ဒယ်ဒီဟဲလေး' အခွေထွက်ရင်လည်း အားပေးပါဦး လို့ပြောချင်ပါတယ်။

ရတနာစုစည်းသည်
သြဂုတ် (၁) ရန်ကုန်
ရန်ကုန်တိုင်းမ်နေ့စဉ်

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ