မီတာ ၂ဝဝ ကမ္ဘာ့ချန်ပီယံ အလွတ်ပြိုင်ပွဲတွင် အမေရိကန် ရေကူးမယ် မစ်ဆီဖရန် ကလင်း ရွှေတံဆိပ် ရရှိ


အမေရိကန် အမျိုးသမီး ရေကူးမယ် မစ်ဆီဖရန်ကလင်းသည် ဇူလိုင် ၃ဝရက်က ဘာစီလိုနာ မြို့၌ ကျင်းပသောမီတာ ၂ဝဝ ကမ္ဘာ့ ချန်ပီယံ အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင် ခဲ့ကြောင်း သိ ရသည်။ ယခုပြိုင်ပွဲတွင် ဖရန်ကလင်း ဆွတ်ခူးရရှိသော ရွှေတံဆိပ်ဆုသည် ၁၉၇၈ ခုနှစ် နောက်ပိုင်း အမေရိကန်နိုင်ငံ အဖို့ ပထမဦးဆုံး ဆုလာဘ် ဖြစ်သည်။ ဖရန်ကလင်းသည် ၂ဝ၁၂ လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ဆုတံဆိပ်ငါးခု ရရှိခဲ့သူ ဖြစ်သည်။ ထိုစဉ်က သူမသည် ရွှေတံဆိပ်လေးခုနှင့် ကြေး တံဆိပ်တစ်ခု ရရှိခဲ့ပြီး လန်ဒန်တွင် အအောင်မြင်ဆုံး အမျိုးသမီး ရေကူးချန်ပီယံ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၁၈ နှစ်ရှိ ဖရန်ကလင်း၏ မိဘများသည် ကနေဒါမှဖြစ်သော်လည်း သူမသည် ကာလီဖိုးနီးယားတွင် မွေးဖွားသူ ဖြစ်သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ