ဆံပင်ကျွတ်ခြင်းကို ဟန့်တားနိုင်သော အိမ်တွင်းနည်းလမ်းများ

သန်စွမ်း တောက်ပြောင်ပြီး ထူထဲတဲ့ ဆံသားမျိုးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်လို ကြပါတယ်။ ဆံပင်ကျွတ်ပြီး ပါးလျတဲ့ ဆံသားတွေက အမျိုးတွေရဲ့ လှပမှုကို မှေးမှိန်စေပါတယ်။ လွယ်ကူတဲ့ အိမ်တွင်းနည်း တချို့နဲ့ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

(၁) သဘာဝ အစားအစာများနှင့် ဆံပင်ကို အားဖြည့်ပါ

အာဟာရဓာတ် ချို့တဲ့တာက ဆံပင် ကျွတ်တာရဲ့ အဓိက အကြောင်းရင်း တစ် ရပ်ပါ။ ဆံသားတွေ သန်စွမ်း ထူထဲဖို့က ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက် စွာ စားသုံးဖို့ လိုပါတယ်။ အာဟာရပြည့် စုံတာက ဆံပင်တွေ သန်စွမ်း ထူထဲစေတဲ့ အပြင် ဆံပင် အရောင်ကိုလည်း တောက် ပြောင် လှပစေ ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေ ထဲမှာ အောက်ပါ အစား အစာတွေ ပါဝင်အောင် စားပြီး ဆံပင်ကျွတ် တာကို ကာကွယ်နိုင် ပါတယ်။

မုန်လာဥနီ
ဗီတာမင်အေကို ရရှိပြီး ဦး ရေပြားကို အာဟာရဖြည့်စွမ်းပေးပါတယ်။

ဆယ်လ်မွန်ငါး
အိုမီဂါ-၃ ရရှိပြီး ဆံ သားတွေတောက်ပြောင်လှပစေပါတယ်။

ဆီးသီးခြောက်
သံဓာတ်ကြွယ်ဝပြီး ဆံ သားခြောက်သွေ့တာ၊ ပါးတာနဲ့ ကြမ်းတာ တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
ကျန်းမာစေတဲ့ ဆံသားတွေ သန်စွမ်းစေပါတယ်။

သံဓာတ်ကြွယ်ဝပြီး သကြားမုန်လာ
သံဓာတ်ကြွယ်ဝပြီး ဆံသားတွေကို သန်စွမ်းစေပါတယ်။

အတ်ဂျုံ
ဇင့်ဓာတ်၊ သံဓာတ်၊ အိုမီဂါ- ၆အဆီတွေ ပါဝင်တာကြောင့် ဆံပင်အ ရှည်မြန်စေပါတယ်။

သစ်ချသီး
ဇင့်ဓာတ်၊ သံဓာတ်၊ ဗီတာ မင်ဘီ-၁၊ ဘီ-၆၊ ဘီ-၉တွေ ပါဝင်ပြီး ဆံ ပင်သန်စေပါတယ်။

ဥအမျိုးမျိုး
ပရိုတင်း၊ ဗီတာမင်ဘီ- ၁၂၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ အိုမီဂါ-၆ တွေ ပါဝင်တာကြောင့် ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။

(၂) သဘာဝ အဆီများနှင့် ဆံပင်တောက်ပြောင်အောင်ဆံ

သားတောက်ပြောင် ဖို့၊ ဆံပင် သန်စွမ်းဖို့၊ ဆံပင် ကျွတ်တာကို ကာကွယ် ဖို့အတွက် ဆံသားကို ဆီလိမ်းပြီး ၂-၃ မိနစ်ကြာ ညင်သာစွာ နှိပ်နယ်ပေးပါ။ ညင်သာစွာနှိပ်နယ်ပေး တာကြောင့် ဦးရေ ပြား သွေးလှည့်ပတ် မှုကောင်းစေပြီး ဆံ ချည်မျှင်အိတ်တွေကို နှိုးဆွပေးပါတယ်။ ဆီကို ခပ်နွေးနွေးဖြစ်အောင် အပူပေးပြီး ခေါင်းမလျှော်ခင် တစ်နာရီအလိုလောက် မှ လိမ်းပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီ၊ အုန်းဆီ၊ ဂနိုလာဆီ၊ လာဗန်ဒါဆီ၊ ဗာဒံ စေ့ဆီ၊ နှမ်းဆီတွေကိုအသုံးပြုနိုင်ပါတယ်။

(၃) အင်တီအောက်ဆီးဒင့်ကို အသုံးပြုပါ
အင်တီအောက်ဆီးဒင့် က ဆံပင်ကျွတ်တာကို တားဆီပေးနိုင်တဲ့ အပြင် ဆံပင်ပြန်ပေါက်အောင်လည်း ကူညီပေး ပါတယ်။ အင်ဆီအောက်ဆီးဒင့် များစွာပါ ဝင်တဲ့ လက်ဖက်စိမ်းကို ရေနွေးတစ်ခွက် ထဲ ထည့်ပြီး ခဏနှပ်ထားပါ။ ရလာတဲ့ လက်ဖက်စိမ်းရည်ကို ဆံသားအနှံ့လိမ်း ပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ တစ်ပတ် တစ်ကြိမ်ပြုလုပ်ပေးပါက ဆံပင်သန်ပြီး ဆံပင်ကျွတ်တာကိုကာကွယ်ပေးပါတယ်။

(၄) တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနှင့် လေ့ကျင့်ခန်း လုပ်ခြင်းများ လုပ်ဆောင်ပါ
ဆံပင်ကျွတ်စေတဲ့ အဓိက အကြောင်း ရင်းတစ်ခုက စိတ်ဖိစီးမှု များတာ၊ စိုးရိမ် စိတ်များ တာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်နဲ့ခန္ဓာကိုယ် ကို အပန်းပြေစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ် သောကတွေ ကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းသွားတာ ကြောင့် ခန္ဓာကိုယ်တွင်းဟော်မုန်းတွေ မျှခြေဖြစ်သွားစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်တွင်း သွေးလှည့် ပတ်မှုကို ပိုမိုကောင်းမွန် တာကြောင့် ဆံ ပင်ကျွတ်တာကို ကာကွယ်ပေးနိုင် ပါတယ်။

(၅) ဦးရေပြားကို သန့်စင်အောင် ဂရုစိုက်ပါ

ဦးရေပြားက ထွက်တဲ့ အဆီတွေနဲ့ ဖုန်၊ အမှုန်တွေပေါင်းပြီး ဆံသား ကျိုးပြတ် တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတာ ကြောင့် ဦးရေပြားကို သန့်ရှင်းအောင် ထားဖို့ လိုအပ်ပါတယ်။ ရှမ်ပူနဲ့ ပုံမှန် ခေါင်းလျှော်တာ၊ သဘာဝ အဆီလိမ်းပေး တာတွေက ဦးရေပြားသန့်စင်စေပြီး ဖောက်တွေ ကိုလည်း ကင်းစင်စေပါတယ်။ သံပရာရည်၊ ရှားစောင်းလက်ပတ်၊ စတော် ဘယ်ရီစတာတွေကို ဆံပင်ကျွတ်တာသက် သာစေဖို့ အိမ်တွင်းနည်းလမ်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက် သွန်နီနဲ့ ချင်း(ဂျင်း)တွေကို အရည်ညှစ်ပြီး ဆံသား အနှံ့လိမ်းပြီး တစ်ညအိပ်ပါ။ မနက် မိုးလင်း ရေချိုးရင်းနဲ့ ခေါင်းလျှော်ပါ။ ဦး ရေပြားနဲ့ ဆံသားမှာ ကပ်ငြိနေတဲ့ ဘက်တီး ရီးယား၊ မှိုပိုးတွေကို ဖယ်ရှားပေး ပါတယ်။

Photo-မြန်မာ့အလှ

ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
GOOD HEALTH

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ