ယာဉ်မတော်မဆမှုဖြင့် မန္တလေးဆေးရုံတွင် ဆေးကုသမှုခံယူနေသည်မှာ အဆိုတော်ဆိုတေးမှာ ယခု အခါတွင် တစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း စကားပြန်လည်ပြောဆိုနိုင်ခြင်းမရှိသေးဘဲ မိသားစုဝင်များ၏ မေးမြန်း ချက်အချို့ကို ခေါင်းငြိမ့်ခေါင်းခါအမူအရာဖြင့် ပြန်လည်ဖြေကြားလျက်ရှိကြောင်း ဆိုတေး၏ အဒေါ်ဖြစ်သူ ဒေါ်ချိုချို က မဇ္ဈိမသို့ ပြောကြားလိုက်သည်။
“ကျန်းမာရေးအခြေအနေက တော်တော်လေးတော့ တိုးတက်လာပါပြီ။ အရင်ကဆို မျက်လုံးတွေရောင်နေတာ။ အခုတော့ အရောင်ကျသွားပါပြီ။ ဖွင့်တော့ မဖွင့်သေးပါဘူး။ အသိတော့ ၀င်နေပါပြီ။ ပြန်ပြောဆိုတာ မလုပ်နိုင်ပေမယ့် မိသားစုတွေ ဘယ်သူ၊ ဘယ်ဝါဆိုတာကို ခေါင်းအမူအရာနဲ့ ပြန်ဖြေပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။
ယင်းသို့ယာဉ်တိုက်မှုကြောင့် ဆိုတေး၏ လုပ်ကိုင်လက်စအလုပ်များ၊ လုပ်ကိုင်ရန် သဘောတူပြီး အလုပ်များနှင့် ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူက “သူ့ရဲ့သီချင်း ဒုတိယအခွေကို အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလမှာ ထွက်ဖို့ စီစဉ်ထားတာ။ အကုန်တော့ ပြီးခါနီးပြီ။ သူ့အလုပ်တွေ လက်ခံထားတာက ဖုန်းထဲက note ထဲမှာပါ။ ဖုန်းကလည်း ပျက်စီးသွားတော့ မရတော့ဘူး။ အလုပ်တွေ လက်ခံထားတာ သူ့ ဟာသူပဲ သိမှာပါ”ဟု ဆိုသည်။
ဆိုတေးအား ယခင်ကဘန်ကောက်သို့ခေါ်ဆောင်ကာ ဆေးကုသရန် ကြံရွယ်ခဲ့သော်လည်း မန္တလေးမှ ဆရာဝန်ကြီးများ၏ အထူးကြပ်မတ်ကုသမှုကြောင့် ၎င်းဆေးရုံတွင်သာ ဆက်လက်ကုသခံယူလျက် ရှိသည်။
ဘုန်းနေလ (ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese
တစ်လကျော်ကြာဆေးကုသခံနေသည့် ဆိုတေး ခေါင်းငြိမ့်ခေါင်းခါဖြင့်သာ ပြန်လည်ဖြေနေရဆဲဖြစ်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin