မုံရွာမြို့တွင် နေအိမ်အတွင်း ပုတ်ပွနေသော လူသေအလောင်းတစ်လောင်းတွေ့ရှိ

မုံရွာ၊ သြဂုတ် ၁၁ ရက်နေ့

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ ပန်းတမာလမ်းရှိ လူနေအိမ်တစ်လုံးအတွင်းမှ ပုတ်ပွနေသော လူသေအလောင်း တစ်လောင်းအား ယခုလ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က တွေ့ရှိခဲ့ရကြောင်း မုံရွာအမှတ်(၂) ရဲစခန်းမှူး ဦးညီညီ အောင်မှ ပြောကြားသည်။

သေဆုံးသူမှာ ဦးအောင်မျိုးကြင် အသက် (၄၀)နှစ် အဖအမည် ဦးကြင် ဆိုသူဖြစ်ကြောင်း၊ ၎င်းသေဆုံးနေသူမှာ လူပျိုကြီးတစ်ယောက်ပြီး ၎င်းနေအိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ရာ ကျောက်ကပ်ရောဂါနှင့် ဟိုမုန်းအားနည်းရောဂါစွဲ ကပ်နေသူ ဝေဒနာရှင်တစ်ဦးလည်းဖြစ်ကြောင်း ရဲစခန်းမှုးမှ ဆက်လက်၍ ပြောပြသည်။

အဆိုပါ လူသေဆုံးနေမှုသည် မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို ဆက်လက်၍ စီစစ်နိုင်ရန်အတွက် မုံရွာ အမှတ်(၂) ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၁ / ၂၀၁၃ အရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုး(ချင်းတွင်း)


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ