ရေနစ်သူအား ဆင်းကယ်ရာမှ (၂)ဦးစလုံးရေနစ်သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၃

၁၃.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ထောက်ကြန့် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ရွာမရပ်ကွက်၊ ထောက်ကြန့်တိုးဂိတ်အနီး ဆည်ရေသွင်းမြောင်း၌ လူ(၂)ဦးရေနစ် သေဆုံးကြောင်းသတင်းအရသွားရောက် စစ်ဆေးရာ သေဆုံးသူတို့မှာ မှော်ဘီမြို့နယ်၊ ရဲစုကြီးရပ်ကွက်နေ အောင်ထွန်းထူး (ဘ)ဦးနေလင်းနှင့် ထွန်းမြင့်အောင် (ဘ)ဦးကျော်နိုင်လင်းတို့ ဖြစ်ကြောင်း သိရှိရပြီး ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲသေဆုံးနေသဖြင့် ပတ်ဝန်းကျင်အားစုံစမ်းမေးမြန်းခဲ့ရာ သေဆုံးသူ(၂)ဦးမှာ ၀၈၃၀ အချိန်ခန့်တွင် အကျယ်(၂၀)ပေ အနက်(၉)ပေခန့်ရှိ ဆည်ရေသွင်းမြောင်း၌ ငါးမျှားနေစဉ် ထွန်းမြင့်အောင်၏ ငါးမျှားချိတ်မှာရေထဲတွင် ငြိနေသဖြင့် ဆင်း၍ဖြုတ်ရာရေနစ် သွားသဖြင့် ၎င်းနှင့်အတူ ငါးမျှားနေသည့် ဦးလေးတော်စပ်သူ အောင်ထွန်းထူးမှ ဆင်း၍ကယ်စဉ် နှစ်ဦးစလုံးရေနစ်သေဆုံး ကြောင်းသိရှိရသဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၁၃/၂၀၁၃ ဖြင့် ရေးဖွင့်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ