ဗြိတိသျှ လက်ဝှေ့ကျော် တိုနီဘဲလျူး WBC လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်လုပွဲတွင် ထိုးသတ်မည်

လန်ဒန် ဇူလိုင် ၂၆

ဗြိတိသျှ လက်ဝှေ့ကျော် တစ်ဦးဖြစ်သူ တိုနီဘဲလျူးသည် WBC လိုက်ဟဲဗီးဝိတ် ချန်ပီယံခါး ပတ်လုပွဲအတွက် ကနေဒါမှ အဒိုးနစ်စ် စတီဗင်ဆင် သို့မဟုတ် အမေရိကန် လက်ဝှေ့သမား တာဗိုရစ်စ်ကလောက် တို့အနက်မှ တစ်ဦးဦးနှင့် ယခုနှစ် နှောင်းပိုင်းတွင် ယှဉ်ပြိုင်ထိုး သတ်သွားမည်ဟု သိရသည်။

အသက် ၃ဝ နှစ်ရှိ လီဗာပူးမြို့သား ဘဲလျူးသည် ယခုနှစ်မေလအတွင်းက လန်ဒန်မြို့၌ ထိုးသတ်ခဲ့သည့် လက်ဝှေ့ ပွဲတွင် အိုက်ဆက်ချီလင်ဘာအား အနိုင် ရရှိပြီးနောက်ပိုင်းတွင် WBC ခါးပတ်ကို  ဆွတ်ခူးမည့်သူ အဖြစ် ရေပန်းစား လျက်ရှိသည်။

သို့ရာတွင်  အဆိုပါ ချန်ပီယံခါးပတ်ကို လက်ရှိပိုင်ဆိုင်ထား သူမှာ ကနေဒါနိုင်ငံမှ စတီဗင်ဆင်ဖြစ်ပြီး ၎င်းသည် ယင်းချန် ပီယံ ခါးပတ်ကို ကာကွယ်ရန်အတွက် အမေရိကန် လက်ဝှေ့ကျော် ကလောက်နှင့် လာမည့် စက်တင်ဘာတွင် ဦးစွာထိုးသတ်သွား မည်ဖြစ်သည်။

ထို့နောက်တွင် ဘဲလျူးသည် အဆိုပါ လက်ဝှေ့ပွဲမှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင် ထိုးသတ်၍ ချန်ပီယံ ခါးပတ်ကို ရယူနိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်သည်။

ဘဲလျူးသည် နောက်ဆုံးထိုးသတ်ခဲ့သည့် လက်ဝှေ့ပွဲပေါင်း ၂၂ ပွဲတွင် ပွဲ ၂ဝ အနိုင်ရရှိထားပြီး တစ်ပွဲသရေနှင့် ၂ဝ၁၁  ခုနှစ်တွင် နေသန် ကလဲဗား လေးနှင့် ထိုးသတ်သည့် ပွဲတွင်သာ ရှုံးနိမ့်ထားသည်ဟု သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ