ရီးယဲလ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် ဘေးလ်နှင့် စပါး အဆင်မပြေဖြစ်


ရီးယဲလ်မက်ဒရစ် အသင်း၏ ကမ်းလှမ်းမှုကို တော့တင်ဟမ် ဟော့စပါးက ငြင်းဆိုလိုက်သည့်နောက် ဂါရတ်သ်ဘေးလ်နှင့် စပါးတို့ကြား ပြဿနာအချို့ ရှိလာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဗြိတိသျှ မီဒီယာ အချို့က စပိန်ထိပ်တန်း ကလပ်အသင်းကြီး ရီးယဲလ်သည် ဝေလလက်ရွေးစင် တောင်ပံ ကစားသမားအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၂)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ သတင်း အမှန်ဖြစ်ပါက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရီးယဲလ်ခေါ်ယူစဉ် ပေးချေခဲ့ရသည့် ကမ္ဘာ့စံချိန်တင် ဈေးနှုန်း စတာလင်ပေါင် သန်း(၈၀)ထက် ပိုမို များပြားသော ပြောင်းရွှေ့ကြေး ဖြစ်နေသည်။

သို့သော်လည်း စပါးသည် ယင်းချဉ်းကပ်မှုကို ငြင်းဆိုခဲ့သည့်အတွက် ဘေးလ်က စိတ်ပျက်နေကြောင်း သိရသည်။ အသက်(၂၄)နှစ်ရှိ ဘေးလ်သည် စနေနေ့က ဟောင်ကောင်တွင် ကစားခဲ့သည့် ကလပ်အသင်း ခြေစမ်းပွဲကို လွဲချော်ခဲ့သည်။ မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ဘေးလ်၏ အနာဂတ်နှင့် ပတ်သက်ပြီး သံတမန်ဆန်ဆန် မတင်မကျ ပြောဆိုထားပြီး ဘေးလ်တွင် ကြွက်သား ဒဏ်ရာ အနည်းငယ် ရှိနေကြောင်းသာ ပြောဆိုထားသည်။ သို့သော်လည်း ဘေးလ်သည် ရီးယဲလ်တွင် ကမ္ဘာ့ထိပ်သီး ကြယ်ပွင့်များနှင့် တွဲဖက်ကစားရန် လိုလားနေပြီး စပါးနှင့် အတွင်းရေး ပြဿနာများ ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စပါးဥက္ကဋ္ဌ ဒန်နီလီဗိုင်းကမူ အသင်း၏ အရေးအပါဆုံး ကစားသမားအား ဆက်လက် ထိန်းသိမ်းထားရန်သာ အဓိက လိုလားလျှက်ရှိသည်။ ရီးယဲလ်သည် ဘေးလ်ကို နှစ်အတန်ကြာ အလေးအနက် စိတ်ဝင်စားနေခဲ့ပြီး ယခုနွေရာသီတွင် အတည်ပြု ကြိုးပမ်းလာခြင်းဟု ယူဆရသည်။ ဘိုအာ့စ်ကမူ မိမိတို့သည် ဘေးလ်ကို သက်တမ်းတိုး စာချုပ်ရန် ကြိုးပမ်းနေဆဲဟု ထုတ်ဖော် ပြောကြားထားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ