နွေဦး လေပြည်မှ တရုတ် (တိုင်ပေ) မင်းသား Joe Cheng


Joe Cheng ဟာ တရုတ်(တိုင်ပေ)မှ အဆိုတော်၊ မော်ဒယ်လ်၊ မင်းသား တစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာ ခရီး အစကတော့ မော်ဒယ်လ် ဘဝက စတင်ခဲ့ပါတယ်။  နာမည်ကြီး တံဆိပ်မျိုးစုံရဲ့ ကြော်ငြာ မော်ဒယ်လ် အဖြစ်လည်း ဆောင်ရွက် ပေးခဲ့ပါတယ်။  အရပ်အမြင့် ၁၈၈ စင်တီမီတာ ရှိတာမို့ မော်ဒယ် တစ်ယောက် ဖြစ်ထိုက်တဲ့ အရပ်ကို ပိုင်ဆိုင် ထားသူပါ။Joe  ရယ်လိုက်ရင် သူ့ရဲ့ ပါးနှစ်ဖက်မှာ ပါးချိုင့်နှစ်ခု ရှိပါတယ်။ မိန်းကလေး ပရိသတ်တွေ ကို ဆွဲဆောင်နိုင်တဲ့ သူ့ရဲ့ထူးခြားတဲ့ သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။

Joe ကို  ၁၉၈၂ ခုနှစ် ဇွန် ၁၉ ရက်မှာ မွေးဖွားခဲ့ပြီး မွေးချင်း အနေနဲ့ အစ်မတစ်ယောက် ရှိပါတယ်။Joe မူလတန်း တက်တဲ့ အရွယ်မှာ မိဘနှစ်ပါးက အိမ်ထောင် ကွဲသွားပြီး သူက ဖခင်နဲ့ အတူ နေထိုင်ပါတယ်။ မိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင့် ငယ်စဉ်ကတည်းက အဖေနဲ့ နေရသူမို့ အမေရဲ့ ပစ်ထားခဲ့ခြင်းကို ခံခဲ့ရတဲ့ သားတစ်ယောက် အဖြစ် သူ့စိတ်ထဲမှာ အမြဲတမ်း ခံစား နေရသူပါ။Joe အကြိုက်ဆုံး အရောင်ကတော့ အဖြူနဲ့ အနက်ဖြစ်ပြီး  တင်းနစ် ကစားခြင်း၊ ရေကူးခြင်း၊စာဖတ်ခြင်းနဲ့ ဂိမ်းကစားခြင်း တွေဟာ သူ့ရဲ့ ဝါသနာတွေလို့ သိရပါတယ်။ သူ့ရဲ့သွေး အမျိုးအစား ကတော့ အို ဖြစ်ပါတယ်။ သူရဲ့အချစ်ဆုံး သူငယ်ချင်း ကတော့ မင်းသားMike He ပဲဖြစ်ပါတယ်။Joe Cheng နဲ့ Mike He  တို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်  ခင်မင် ရင်းနှီးမှု နက်ရှိုင်းလွန်းပါတယ်။ သူတို့နှစ်ဦးဟာ Brokeback Mountain ဇာတ်လမ်း ခင်းနေကြတယ်လို့ အားလုံးက ဆိုကြပေမဲ့ မင်းသားနှစ်ယောက် ကတော့ သူတို့ဟာ ခင်မင်တဲ့ အချစ်ဆုံး ယောက်ျားလေး သူငယ်ချင်း တွေသာ ဖြစ်ပြီး သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့  မိန်းကလေး တွေကိုသာ စိတ်ဝင်စား ပါတယ်လို့ ဆိုခဲ့ဖူးပါတယ်။ သူရဲ့ အားလပ်ချိန် တွေမှာတော့ သူငယ်ချင်း ဖြစ်သူ Mike  နဲ့အတူ စာဖတ်ခြင်း၊ အားကစား လုပ်ခြင်းတွေနဲ့ အချိန် ကုန်တတ်ပါတယ်။

Joe Cheng ရဲ့ပထမဦးဆုံး ဇာတ်လမ်းတွဲ The Rose ကို ၂ဝဝ၃ ခုနှစ်မှာ ရိုက်ကူးခွင့် ရခဲ့ပါတယ်။ အဲဒီ ဇာတ်ကားမှာS.H.E girl band  မှ မင်းသမီးများ ဖြစ်တဲ့Ella Chen,Selina Jen,Hebe Tien  တို့ပါဝင်ပါတယ်။ အောင်မြင်တဲ့ ဇာတ်ကား ဖြစ်ခဲ့တာမို့ Joe  ဟာ အဲဒီ ဇာတ်ကားကြောင့် ပရိသတ် အချစ်တော် မင်းသားအဖြစ်  ရပ်တည်ခွင့် ရခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ရိုက်ကူးခဲ့တIt Started With a Kiss (ဟန်ဆောင်အနမ်း) ဇာတ်ကား ကတော့ joe ရဲ့အောင်မြင်မှုကို ထပ်တိုးစေခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ စာတော်တဲ့ ကောင်လေး တစ်ယောက် ဖြစ်ပြီး သူနဲ့ စရိုက်မတူ၊ စာညံ့တဲ့ ကောင်မလေးကို  အမှတ်မထင် ချစ်မိသွားပေမဲ့ သူ့ရဲ့ အချစ်တွေကို ရင်ထဲမှာ တိတ်တိတ်လေး သိမ်းထားပြီးတော့ ဟန်ဆောင် ကောင်းတဲ့ ကောင်လေး Jiang Zhi Shu  အဖြစ် သရုပ်ဆောင် ထားပါတယ်။ ထိုဇာတ်ကားရဲ့ခေါင်းဆောင် မင်းသမီး Ariel Lin နဲ့ Joe  တို့ကို အလွန်လိုက်ဖက် ညီတဲ့စုံတွဲ အဖြစ် ပရိသတ်တွေက သတ်မှတ် လိုက်ကြပါတယ်။ ၂ဝဝ၇ ခုနှစ်မှာတော့ ဟန်ဆောင် အနမ်းရဲ့ ဒုတိယ အဆက်ဖြစ်တဲ့The Kiss Again ကို ရိုက်ကူး ခဲ့ပါတယ်။

That Love Comes  (နွေဦးလေပြည်) ဇာတ်ကားကိုတော့ ၂ဝ၁ဝ ပြည့်နှစ်မှာ ရိုက်ကူးခဲ့ပါတယ်။Joe နဲ့အတူ တွဲဖက် သရုပ်ဆောင်ရတဲ့ ခေါင်းဆောင် မင်းသမီး ကတောLi Fei Er ပဲဖြစ်ပါတယ်။

အဲဒီ ဇာတ်ကားမှာJoe ဟာ အောင်မြင်မှုထက် လွတ်လပ်မှုကို ပိုပြီး လိုချင်တဲ့  နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက်အဖြစ်  သရုပ်ဆောင် ထားပါတယ်။၂ဝဝ၈ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Love  and Bread ဇာတ်ကားကို  မင်းသမီး Ariel Lin  နဲ့ပဲ တွဲဖက် သရုပ်ဆောင် ခဲ့ပါတယ်။  ပရိသတ် အကြိုက် ဇာတ်ကားတစ်ကား ဖြစ်ခဲ့တဲ့ အပြင် အတွဲညီတဲ့ အနုပညာရှင် နှစ်ယောက် ပြန်လည် တွေ့ဆုံ ရခြင်းလည်း ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာတော့ Love Actually  အမည်ရှိ ဇာတ်ကားကို တောင်ကိုရီးယား မင်းသမီး Le Da Hae (ချိုဝမ်) နဲ့အတူ ရိုက်ကူး ထားပါတယ်။

  ဒီဇာတ်ကား မှာတော့ Joe ဟာချစ်သူဟောင်းရဲ့ သစ္စာဖောက်ခြင်းကို ခံရပြီး  ဘယ်မိန်းကလေး ကိုမှ  အယုံအကြည် မရှိတော့တဲ့  သူတစ်ယောက် ဖြစ်ပါ တယ်။ အပြုံးအရယ် မရှိဘဲ မျက်နှာ ခပ်တည်တည်နဲ့ ခံစားချက် လုံးဝ မရှိတဲ့ Chen Hao Feng  အဖြစ် သရုပ်ဆောင် ခဲ့ပါတယ်။  တောင်ကိုရီးယားနဲ့ ထိုင်ဝမ် နှစ်နိုင်ငံ အနုပညာချင်း ပေါင်းစည်းထားတဲ့ ဇာတ်ကားလို့ ပြောရင်လည်း မမှားပါဘူး။

Written by  ကေတု
မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ