အိန္ဒိယတွင် ကျားသစ် တစ်ကောင် တိုက်ခိုက်မှုကြောင့် လေးဦး ဒဏ်ရာရရှိ


ဂျော်ဟက်  ဇူလိုင်  ၂

အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂျော်ဟက်ခရိုင် အတွင်းရှိ တီတာဘာဒေသ၌ ကျားသစ် တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူလေးဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု သစ်တော ထိန်းသိမ်းရေး

ဌာနက  ပြောကြားခဲ့သည်။

အဆိုပါ ကျားသစ် တိုက်ခိုက်မှုသည် ဇွန် ၂၉ ရက် ညပိုင်းတွင် ကူကူရာခိုရာ ဘာဟွိုင် ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက် ခံရသူလေးဦးမှာ ဆယ်ကျော်သက် ယောက်ျားလေး တစ်ဦးနှင့် နေ့စား အလုပ်သမားသုံးဦးတို့ အလုပ်မှ ပြန်လာချိန်တွင် တိုက်ခိုက် ခံရခြင်းဖြစ် သည်ဟု သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ ကျားသစ်သည် လွန်ခဲ့သည့် ၁၅ ရက်ခန့်က ယင်းဒေသရှိ ဆိတ်နှင့်နွား သားပေါက် ၁ဝ ကောင်ကျော်ကို ကိုက် ဖြတ်စား သောက်ခဲ့ကြောင်းနှင့် ၎င်းကျားသစ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံပြည် သူများ ကြောက်ရွံ့လျက် ရှိသည်ဟု သိရသည်။

Written by  စကားဝါ

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ