ဆရာ၊ ဆရာမတို့ အချစ်ဆုံး ကိုရီးယား Idol Stars


ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကတော့ တောင် ကိုရီးယားနိုင်ငံရဲ့ ဆရာများနေ့ပါ။ အဲဒီနေ့မှာ ဆရာ၊ ဆရာမတွေ စာသင်ပေးချင်ဆုံး နာမည် ကျော်အနုပညာရှင်လေးများကို စစ်တမ်းကောက် ယူခဲ့တဲ့အခါမှာ မိန်းကလေးစတားတွေထဲမတော့Miss A  အဖွဲ့က စူဇီက နံပါတ် ၁ ရခဲ့ပါတယ်။

နောက်တစ်ဦးကတော့ ယနေ့စူပါအဆိုတော် စာရင်းဝင်ဖြစ်နေတဲ့ BoA ပါ။ အဆိုတော်ဖြစ်ချင် တဲ့ အိပ်မက်ကြောင့် ပညာရေးကို ရှေ့မဆက်နိုင် ခဲ့ပေမယ့် ဥာဏ်ကောင်း ပြီး တက်ကြွမှုရှိတဲ့ အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန်သုံးဘာသာကို ကျွမ်း ကျင်တဲ့BoA ဟာ ဆရာ၊ဆရာမတွေ သဘော ကျတဲ့ စတားထဲက တစ်ယောက်ပါပဲ။

NE1  အဖွဲ့ရဲ့ခေါင်းဆောင် CL ကလည်း ကိုရီးယား၊ ဂျပန်၊ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာ စကားတွေကို ပြောနိုင်လို့ ဥာဏ်ကောင်းသူလေး ဆိုပြီး စာသင်ပေးချင်တဲ့ ဆရာ၊ ဆရာမတွေ ဝိုင်းနေတော့မယ့်ပုံပါ။

သူတို့အပြင် ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ လီဆောင်ဂီ၊ ယုံကြည်မှုရှိပြီး ထက်မြက်တဲ့Wonder Girlsအဆိုတော်အဖွဲ့ထဲက ယင်နီဆို တဲ့ကောင်မလေး၊ Girl’s Generation အဖွဲ့ထဲက အငယ်ဆုံးကောင်မလေးဆိုဟွန်းတို့ကလည်း ဆရာ၊ ဆရာမတွေ အချစ်ဆုံးစာရင်းဝင်တွေပါ တဲ့။

မှတ်ဥာဏ်အားအကောင်းဆုံး ကိုရီးယားမင်းသား၊ မင်းသမီးများ

သရုပ်ဆောင်တွေဟာ ဇာတ်ညွှန်းကို အသေအချာမှတ်မိလေ ဇာတ်ကားတွေရိုက်ရတာ ချောမွေ့လေပဲပေါ့။ ကိုရီးယားအနုပညာရှင်တွေ ထဲမှာရော။ ဘယ်သူက ဇာတ်ညွှ န်းကို မှတ်မိနိုင် စွမ်းအမြင့်ဆုံးသူတွေ ဖြစ်မလဲ။ ဒါကို Kr. brainworld.com က ဧပြီ ၂၆ ရက်ကနေ မေ ၁၃ ရက်အကြား စစ်တမ်းကောက်လိုက်တဲ့အခါ မှာတော့ ဝင်မဲပေးသူများရဲ့ ၃၉ ရာခိုင်နှုန်းကို ရခဲ့တဲ့ အဆိုတော်၊ မင်းသမီး IU  က ပထမရခဲ့ပါ တယ်။ သူမဟာ အထူးရုပ်သံအစီအစဉ်တစ်ခုမှာ ဂျိုဆောင်ခေတ်ဘုရင်တွေရဲ့ အမည်တွေကို ဆက်တိုက်ရွတ်ပြပြီး သူ့မှတ်ဥာဏ်ကို ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ‘You are the best, Lee Soon Shin’  ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်   ဆောင်နေပါတယ်။

၂၆ ရာခိုင်နှုန်းမဲနဲ့ ဒုတိယချိတ်သွားသူက ကင်မ်ဟေးဆိုးဖြစ်ပြီး တတိယနေရာရသွားတာက နာမည်ကြီးတဲ့ စူပါမင်းသမီးကင်မ်ထယ်ဟီးပါ။ ထယ်ဟီးဟာ ဇာတ်ညွှန်းကို အမှားအယွင်း တစ်စက်မရှိ ပြန်ရွတ်နိုင်သူဖြစ်ပါတယ်။

သီချင်းခွေထုတ်ပေမယ့် အဆိုတော်မလုပ်ပါဘူး ဆိုတဲ့ လီမင်ဟို

လူကြိုက်များတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ လီမင်ဟိုဟာ သူ ၂ နှစ်ကြာအောင် ပြင်ဆင်ခဲ့ရတဲ့ သီချင်းခွေကို ပြီးခဲ့တဲ့မေလမှာ ထုတ်နိုင်ခဲ့ပေမယ့် ဒါက သူအဆိုတော်အဖြစ်ပါ အနာဂတ်မှာ ရပ်တည်မယ်ဆိုတဲ့သဘော မဟုတ်ဘူးဆိုတာကို ပြောကြားခဲ့ပါတယ်။ ဒါက တစ်ကမ္ဘာလုံးက သူ့ကိုချစ်တဲ့ ပရိသတ်အတွက်Fan Service  သက်သက်လို့ လီမင်ဟိုက ဆိုထားပါတယ်။ သူဟာ မေလမှာပဲ 10 City Live Tour  ကို စတင် ခဲ့ပြီး တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံများကို ဇူလိုင်လအထိ သွားရောက်လည်ပတ် မှာ ဖြစ်ပါတယ်။ သူ့ရဲ့တေးအယ်လ်ဘမ်က အကျိုးအမြတ်များကိုတော့ လိုအပ်တဲ့လူတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Nail Art  ခြယ်သလာတဲ့ ယောက်ျားလေးပေါ့ပ် စတားများ

မိန်းကလေးတွေNail Art  ခြယ်တာက နာမည်ကျော်နဲ့ သာမန်အမျိုးသမီးတွေအကြား ဘာမှမဆန်းတော့ပေမယ့် ငွေကြေးကုန်ကျတဲ့ ဒီခြယ်သမှုကို ဖက်ရှင်ဟုတ်မ ဟုတ် ငြင်းခုံနေကြဆဲ မှာပဲ ကိုရီးယားယောက်ျားလေးပေါ့ပ်စတားများက လက်သည်းအလှပြင်မှု ပြုလုပ်လာကြပါတယ်။ FT Island  က ခေါင်းဆောင် အဆိုတော်လီေ ဟာင် ကီဟာNail Art  ပြင်ပြီး သီချင်းဆိုပြခဲ့သလို စူပါ ဂျူနီယာအဖွဲ့က ဟီချားကလည်း သူ့ရဲ့နောက်ဆုံး လက်သည်းဒီဇိုင်းကို ပြသခဲ့ပါတယ်။ ဂျပန်  Nail Art Salonလို့ ခေါင်းစဉ်တပ်ထားပေမယ့် ကိုရီးယားဟန်သက်ဝင်နေတဲ့Nail Art  ဆိုင်တွေ ဟာ ထင်ရှားပြီးNew York Times  မဂ္ဂဇင်းကNail Guru  လို့ ကင်ပွန်းတပ်ခံ ရတဲ့ ချွဲဂျင်ဆွန်းဆို ရင် ဟောလိဝုဒ်အကျော်အမော်တွေဖြစ်တဲ့ စူပါ မော်ဒယ်ဟေဒီကလမ်း၊ မင်းသမီးဆာရာဂျက် ဆီကာပါကာနဲ့ အဆိုတော်ဘီယွန်ဆေးတို့ကို တောင် သူ့ရဲ့ဖောက်သည်များအဖြစ် ဆွဲဆောင် ထားနိုင်တဲ့  Nail Art  ဆရာမကြီးပါ။

ဆယ်ကျော်သက်ကလေးဘဝကို နှုတ်ဆက်သွား တဲ့ ကြယ်ပွင့်များ

ယခင်ကတော့ ၁၉၉၃ မှာမွေးတဲ့သူတွေကို ကိုရီးယားရဲ့ အရွယ်ရောက်သူစာရင်း သွင်းလို့ရမှာ ဖြစ်ပေမယ့် မကြာသေးခင်က ဥပဒေအပြောင်း အလဲကြောင့် ဒီနှစ်ကစပြီး ၁၉ နှစ်ဟာ တရားဝင် အရွယ်ရောက်သူဖြစ်ပြီး ဥပဒေအရ အရွယ်ရောက် သူစာရင်းဝင်သွားတဲ့ အနုပညာရှင်လေးများဟာ လူမှုကွန်ရက်များကတစ်ဆင့် သူတို့ကြီးပြင်း လာမှု ကို ကြေညာခဲ့ကြပါတယ်။ အဲဒီစာရင်းထဲမှာ ပါဝင်သူတွေကတော့ Infinite ကဆောင်ဂျောင်၊B.A.P အဖွဲ့က ဒယ်ဟွန်း၊SHINee အဖွဲ့က ထယ်မင်၊ f(x)က လူနာ၊ Sister အဖွဲ့ကDasem  စတဲ့ ငယ်ရွယ်တဲ့ Idol Star  လေးများ ဟာ မေလ ၂ဝ ရက်နေ့မှာ သူတို့ရဲ့ဆယ်ကျော် သက်ဘဝကို Goodbye  လုပ်ခဲ့ပြီး အရွယ်ရောက် လူကြီးတစ်ယောက်ဘဝကို ပျော်ရွှင်စွာ ကူးသွား ခဲ့ပြီဖြစ်ပါတယ်။

ဇင်မြင့်စံ - Yati Magazine

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ