ပခုံးဒဏ်ရာ မပျောက်သေးသော်လည်း ဂီတပွဲတွင် မာရိုင်ကာရေး ပါဝင်ဖျော်ဖြေ


မာရိုင်သည် ပခုံးအဆစ်လွဲသည့် ဒဏ်ရာအပြင် နံရိုးတစ်ချောင်းပါ အနည်းငယ် အက်နေသည့် အခြေအနေကို ကြုံနေရပခုံးအဆစ်လွဲ ဒဏ်ရာ အကင်းမသေသေးသည့်တိုင် မာရိုင်ကာရေးသည် ကြိုတင်စီစဉ်ထားသည့် ဂီတပွဲ တစ်ခုတွင် ပါဝင် ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။ အသက်(၄၃)နှစ်ရှိ အဆိုတော်သည် ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းက ဂီတဗီဒီယိုတစ်ခု ရိုက်ကူးရင်း ဒေါက်မြင့်ဖိနပ်ကြောင့် ဟန်ချက်ပျက် လဲကျကာ ပခုံးအဆစ် လွဲသွားခဲ့သည်။ သို့သော်လည်း သူမသည် စနေနေ့ ညပိုင်းက နယူးယော့ခ်တွင် ပြုလုပ်သော ဖျော်ဖြေပွဲ တစ်ခု၌ စင်မြင့်ထက် ရောက်ရှိလာခဲ့သည်။ မာရိုင်သည် ပခုံးအဆစ်လွဲသည့် ဒဏ်ရာအပြင် နံရိုးတစ်ချောင်းပါ အနည်းငယ် အက်နေသည့် အခြေအနေကို ကြုံနေရသည်။ သူမသည် နယူးယော့ခ်ရှိ ဖီးလ်ဟာမိုနစ် သံစုံတီးဝိုင်းနှင့်အတူ ဗဟိုပန်းခြံတွင် ပြုလုပ်သော 2013 MLB All-Star ရံပုံငွေပွဲ၌ ဖျော်ဖြေသွားခြင်း ဖြစ်သည်။

ထိုရန်ပုံငွေပွဲကို ဟာရီကိန်းဆန်ဒီ၏ ဘေးဒဏ်ကို ခံခဲ့ရသည့် မိသားစုများအတွက် ရည်ရွယ်လှူဒါန်းရန် စီစဉ်ထားသည်။ မာရိုင်သည် အဆိုပါ အကျိုးပြု ဂီတပွဲတွင် ပါဝင်ရန် အခွင့်အရေးကို လက်လွတ်မခံဘဲ ဒဏ်ရာမှ နာကျင်မှု ရှိနေသေးသည့်တိုင် ပါဝင်ခဲ့ခြင်းဟု နီးစပ်သူများက ဆိုသည်။ သူမသည် Beautiful သီချင်းအတွက် ဗီဒီယို ရိုက်ကူးနေရင်း မတော်တဆ လဲကျခဲ့ခြင်း ဖြစ်သည်။ မာရိုင်က ဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး "ဒီပွဲမှာ ပါဝင်ခွင့် ရတာဟာ အရမ်းကို ဂုဏ်ယူရတဲ့ အခြေအနေ တစ်ခုပါ။ ကျွန်မဒဏ်ရာက နာကျင်နေပေမယ့် ဒီအခွင့်အရေးအတွက် မပယ်ရှားနိုင်ပါဘူး။ ကျွန်မကို ကူညီခဲ့တဲ့ ဖီးလ်ဟာမိုနစ်ကိုလည်း ကျေးဇူးတင်ပါတယ်"ဟု Instagramတွင် ရေးသားခဲ့သည်။

ဗီဒီယို ရိုက်ကူးမှုတွင် တာဝန်ယူခဲ့သော ခင်ပွန်းသည် နစ်ခ်ကန်နွန်ကလည်း မာရိုင်သည် စိတ်မာသူ တစ်ဦးဖြစ်ပြီး ဆေးရုံတွင် ရှိနေချိန်တွင် ဗီဒီယို ဆက်ရိုက်ရန် စိတ်ကူးနေကြောင်း ပြောကြားခဲ့သေးသည်။ "ကျွန်တော့် ဇနီးကတော့ သံမဏိ စစ်သည်တစ်ယောက်လိုပါပဲ။ ကျွန်တော်က သူ့ကို ဆေးရုံကို အလျင်စလို လိုက်ပို့ပေးခဲ့တယ်။ ဒါပေမဲ့ သူကတော့ ဗီဒီယိုကို ပြန်ရိုက်ဖို့ပဲ ပြောနေတယ်။ တကယ်ပဲ ပခုံးကို နေရာတကျ ပြန်ပြင်ဆင်ပြီး ပတ်တီးစည်းပေးထားတဲ့ နောက်တစ်နေ့မှာတင် ရိုက်ကွင်းကို မနက်စောစော ပြန်သွားပြီ ကိစ္စအားလုံး အပြီးသတ်ခဲ့တယ်"ဟု ကန်နွန်က ဖွင့်ဟသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ