အန္တာတိတ်ရေခဲပြင်အောက် ရေအိုင်မှာ ရှေးဟောင်းငါးမျိုးတွေရှိနိုင်

Vostok ရေချိုကန်ကြီး

အန္တာတိတ်ရေခဲပြင်အောက် ၂ မိုင်ခွဲလောက်မှာ နှစ်ပေါင်း ၁၅ သန်းလောက် မြှုပ်နေတဲ့ ရေကန်ကြီးတခုထဲမှာ ငါးတွေ အပါအ၀င် ရှေးဟောင်း သက်ရှိ သတ္တ၀ါတွေ ထောင်ပေါင်းများစွာ ရှိနေနိုင်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်များရဲ့ အဖွဲ့တခုက ပြောလိုက်ပါတယ်။

Vostok လို့ခေါ်တဲ့ ရေချိုကန်ကြီးဟာ ကမ္ဘာ့စတုတ္ထအနက်ဆုံး ကန်ကြီးဖြစ်ပြီး အရှည်အားဖြင့် ၁၅၅ မိုင် ရှိပြီး အကျယ်အ၀န်းအားဖြင့်တော့ မိုင် ၅၀ ရှိပါတယ်။ အိုဟိုင်းအိုး ပြည်နယ် Bowling Green တက္ကသိုလ်က သုတေသီတွေဟာ ၂၀၁၂ ခုနှစ်တုန်းက ရုရှား သိပ္ပံပညာရှင်တွေ ယူလာခဲ့တဲ့ ဒီကန်ကြီးထဲက ရေနမူတာတွေကို လေ့လာ စမ်းစစ်နေကြတာ ဖြစ်ပါတယ်။

အွန်လိုင်းမဂ္ဂဇင်း PLOS One က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာတော့ ဒီကန်ကြီးထဲက DNA မျိုးကွဲပေါင်း သုံးထောင့်ငါးရာကျော်ကို သုတေသီတွေက ဖော်ထုတ်ခဲ့ကြပြီး အတော်များများဟာ ဘက်တီးရီးယား အမျိုးအစား တမျိုးမဟုတ်တမျိုးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ