သမ္မတအိုဘားမား ဟောလီးဝုဒ်ပေါ့ပ် စတားများနဲ့ တွေ့ဆုံ


ကမ္ဘာနဲ့တစ်ဝန်းချစ်ကြည်ရေး ခရီးသွား ရောက်မှုတွေ၊ အရေးကြီးတဲ့ သဘောတူစာ ချုပ်ချုပ်ဆိုမှုတွေနဲ့ အလုပ်ရှုပ် လွန်းပေမယ့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား က ဟောလီးဝုဒ်နာမည်ကြီး တချို့နဲ့အိမ်ဖြူတော် မှာ တရင်းတနှီးတွေ့ဆုံခဲ့ပါတယ်။နာမည်ကျော် အနုပညာရှင်တွေ နဲ့ တွေ့ဆုံဖို့ကို သမ္မတ အိုဘားမားက ဖိတ်ကြား ခဲ့ခြင်းဖြစ်ပြီး ဒီပွဲကို ဂျေဇီနဲ့ ဘီယွန်းစေး၊ ဂျက်စတင်ဘီဘာ၊ ကေ တီပယ်ရီအပြင် A-List အနု ပညာရှင်တွေတက် ရောက်ခဲ့ပါတယ်။

အိုဘားမားက ရာထူးအပ်နှင်း ပွဲတုန်းကလည်း အမျိုးသမီးအဆိုတော်တွေ
ကို လာရောက်ဖျော်ဖြေဖို့ဖိတ်ကြား ခဲ့ဖူးပါတယ်။ ဂရမ်မီဆုများရှင် အဆိုတော်တွေသာ အိုဘား မား နဲ့ တွေ့ ဆုံခွင့်ရတာ မ ဟုတ် ပါ ဘူး။ ထူးချွန် အား ကစား သမားတွေ က လည်း စစ်ဦးစီးချုပ်နဲ့ တရင်းတနှီးတွေ့ဆုံခွင့်ရခဲ့ပါတယ်။

အရင်သမ္မတဟောင်း တွေလက်ထက်ကလည်း ပေါ့ပ်စတားတွေကို အိမ်ဖြူတော်မှာ လက်ခံတွေ့ ဆုံဖူးပါတယ်။ သမ္မတဘု(ရှ်)က ဒုတိယ ကမ္ဘာစစ်အောက်မေ့ ဖွယ်အခမ်းအနားမှာ မင်းသားကြီးတွမ်ဟန့် (ခ်)နဲ့ တွေ့ဆုံခဲ့ပြီး သမ္မတ ဘီ(လ်)ကလင် တန်၊ ကဒေးဗစ်ဘိုဝီနဲ့ ဘာဘရာစထရိတ်စန့် အပါအဝင် ဂီတပညာရှင်များနဲ့ တွေ့ဆုံခဲ့ဖူး
ပါ တယ်။

သိင်္ဂီဝင်း
Ref; E!Online
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ