လက်ထပ်ပွဲ ကျမ်းသစ္စာ ကျိန်ဆိုစဉ် သတို့သမီးအမည် မှားယွင်း ခေါ်မိသည့် သတို့သား ကွာရှင်းခံရ


တရုတ်နိုင်ငံတွင် မင်္ဂလာပွဲ ကျင်းပစဉ် သတို့သား ဖြစ်သူသည် ၎င်း၏အချစ်ဦး အမည်ကို မှားယွင်း ခေါ်ဆိုခဲ့မှုကြောင့် သတို့သမီး ဖြစ်သူက ကွာရှင်းရန် အတွက် ပေကျင်းမြို့ရှိ တရားရုံး တစ်ရုံးသို့သွားရောက် တိုင်တန်း ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်တွင် ဇူလိုင် ၆ ရက်က ဖော်ပြထားသည်။

သတို့သားဖြစ်သူ ကျောင်ဟိုသည် မင်္ဂလာပွဲ ကျင်းပစဉ် သတို့သမီးဖြစ်သူ ကျို့အား ၎င်းကို ခင်ပွန်းအဖြစ် ပေါင်းသင်းနိုင်မည်ဟုတ်၊ မဟုတ်မေးမြန်း
စဉ် အချစ်ဦး၏ အမည်ကို မှားယွင်း ခေါ်ဆိုခဲ့ မှုကြောင့် သတို့သမီး ဖြစ်သူ
က လက်ထပ်လက်စွပ်ကို ယူဆောင်၍ တရားရုံးသို့ သွားရောက်ကာ ကွာရှင်းပေးရန် တိုင်တန်းခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ကွာရှင်းခဲ့သည်ဟု သိရသည်။

စကားဝါ
မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ