ပြက္ခဒိန်ထက်က ပုံရိပ်တွေနဲ့ အေးအေးငြိမ်း၊ အိအိငြိမ်း

ပြက္ခဒိန်ထက်က ပုံရိပ်တွေနဲ့ ပြည်သူတွေရဲ့ ချစ်ခင်မှုကိုရယူနိုင်ခဲ့တဲ့ အေးအေးငြိမ်း၊ အိအိငြိမ်း

မြန်မာနိုင်ငံရဲ့ပထမဦးဆုံးရင်ချင်းဆက်အမြွှာ ညီအစ်မ အေးအေးငြိမ်း၊ အိအိငြိမ်းတို့ကို မှတ်မိကြဦးမယ်လို့ ထင်ပါ တယ်။ အေးအေးငြိမ်း၊ အိအိငြိမ်း အမြွှာညီအစ်မနှစ်ဦးကို ၁၉၉၁ခုနှစ် သြဂုတ်၎ရက်နေ့မှာ ဘီးလင်းမြို့ရှိ ဘီးလင်း ဆေးရုံမှာ မွေးဖွားအောင်မြင် ခဲ့ပါတယ်။မွေးကင်းစအရွယ် ရင်ချင်း ဆက်နေဆဲကာလကတည်းက ဓာတ်ပုံတွေ၊ ပိုစတာ တွေ၊ ပြက္ခဒိန်တွေ ဖောဖောသီသီထွက်လာပြီးတဲ့နောက် အေး အေးငြိမ်း၊ အိအိငြိမ်းညီအစ် မနှစ်ဦးကို ပြည်သူတွေ ပိုမို သတိထားလာခဲ့ကြတယ်။သူတို့နှစ်ဦး ရဲ့ မွေးကင်းစအရွယ်မှ ကြီးပြင်းချိန်ရောက်တဲ့အထိ ပြည်သူတွေဟာ သူတို့ရိုက် ကူးခဲ့တဲ့ ပြက္ခဒိန်တွေ ကို ကြည့်ပြီးတော့ သိခဲ့ကြရတယ်။

“ကျွန်မတို့ ခွဲစိတ်တာအောင် မြင်ပြီးကတည်းက မြန်မာ နိုင်ငံကလူတွေအကုန်သိကြတယ်။ အဲဒီနောက်ပိုင်း ပြက္ခဒိန် ရိုက်ဖို့တွေက ငယ်ငယ်လေး ကတည်းကကမ်းလှမ်းခံရတယ်။ မြန် မာနိုင်ငံမှာ ပထမဦးဆုံး ခွဲစိတ်အောင်မြင်တဲ့ရင်ချင်း ဆက်အမြွှာလည်း ဖြစ်တယ်ဆိုတော့ လူတွေပိုသိခဲ့ တယ်။ ပြက္ခဒိန်ကို ၆တန်းအရွယ်၊ ၇ တန်းအရွယ်လောက်တုန်းက အများဆုံး ရိုက်ဖြစ်ခဲ့တယ်ထင်တယ်” လို့ ၆တန်းအရွယ် ညီအစ်မထဲက အကြီးဖြစ် သူ အေးအေးငြိမ်းက ပြောပြလာပါတယ်။

ငယ်ငယ်တုန်းကတည်းက ပြက္ခဒိန်တွေ ရိုက်ခဲ့ရတာရှိပေမယ့် ကောင်းကောင်း မမှတ်မိပေမယ့်လည်း ထက်ထက် မိုးဦး၊ခိုင်သင်းကြည်၊ လွင်မိုး တို့နဲ့ပြက္ခဒိန်ရိုက်ခဲ့ရ တာ တွေကိုတော့ ကောင်း ကောင်းမှတ်မိနေ သေးတယ်လို့ အမွှာညီအစ်မ အငယ်ဖြစ်သူ အိအိငြိမ်းက ပြောပါတယ်။

“ပြက္ခဒိန် တွေကြောင့် လည်း မြန်မာ ပြည်ကလူတွေ က သိခဲ့တယ် လို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် ပြက္ခဒိန်ရိုက်တော့ တစ်နှစ်တစ်ခါကို ပြ က္ခဒိန်ကထွက်ဖြစ်နေတယ် လေ။ အဲဒီတော့ ညီမတို့ဘယ် လို ပုံစံရောက်နေပြီ၊ ဘယ်အရွယ် ရောက်နေပြီဆိုတာ ပရိသတ်တွေက မှတ်မိကြတ ယ်လေ။ ၇တန်းပြီးတော့ ၈တန်းနောက်ပိုင်း ပြက္ခဒိန် ရိုက်တာ တွေမလုပ်ဖြစ်တော့ဘူး။ အဲဒီအချိန် ကတည်းကစပြီးတော့ အဆက် ပြတ်သွားခဲ့ တယ်”လို့ အိအိငြိမ်း က ပြောပါတယ်။

ကိုယ်ရိုက်ကူးခဲ့ရ တဲ့ပြက္ခဒိန်တွေကို ပြန် တွေ့ရတဲ့အခါ ကြည် နူးပီတိဖြစ်ရသ လို၊ ကျေနပ်မိ နေ ရတာ က ပြက္ခဒိန်တွေ ကပဲ တစ်ဆင့် ချင်း တစ်ဆင့် ချင်းနဲ့လူတွေ ကို ငယ်စဉ်ကတည်း က ကြီးတဲ့အရွယ်အထိ သိ အောင် ပြသနိုင်ပေးခဲ့ တဲ့အတွက်ကြောင့် ပါလို့ အေးအေး ငြိမ်းကပြော ပါတယ်။

၂ဝဝ၇ခုနှစ် လောက်တုန်းက ဒါရိုက်တာ အဏ်ထော်ဏီရိုက်ကူးခဲ့ တဲ့ ‘နှောင်ကြိုးလေးတစ်မျှင်’ ဗီဒီယို ဇာတ်ကားမှာ ကျော်သူ၊ ရဲအောင် ၊မေသဉ္ဇာဦး၊သိင်္ဂီထွန်း တို့နဲ့အတူသရုပ်ဆောင်ခဲ့ ဖူးပြီး အဲဒီအခွေလေးက ၂ဝဝ၉ခုနှစ်မှာ ထွက်ရှိခဲ့ တယ်လို့ အိအိငြိမ်းက ပြောပြပါတယ်။

”ဗီဒီယိုလောက မှာ ပထမဦးဆုံး ခြေလှမ်း ခဲ့တဲ့ အနုပညာလှုပ်ရှားမှုဆို တာ နည်းနည်းကြောက်ခဲ့ တယ်။ တစ်ခါမှလည်း မလုပ် ဖူးဘူးလေ။ဓာတ် ပုံတွေ၊ ပြက္ခဒိန် တွေပဲရိုက်ဖူးခဲ့တာဆိုတော့ အခက် အခဲတွေက အများကြီးပါပဲ။ အဲဒီ နောက်ပိုင်း မရိုက်ဖြစ်ဘူး။ အဲဒီဇာတ်ကား လေးကို လည်း ပြန် ကြည့်ဖြစ်ခဲ့တယ်။ အဲဒီ အခွေကိုလည်း သိမ်းထားတယ်” လို့ အေးအေး ငြိမ်းက ပြောပြပါတယ်။အဲဒီကား ရိုက်ကူးပြီးတဲ့ နောက် နောက်ထပ် ဗီဒီယိုတစ်ကားလာကမ်း လှမ်းခဲ့ပေမယ့်လည်း စာမေးပွဲ ဖြေခါ နီးမို့ မရိုက်ဖြစ်ဘဲ မဂ္ဂဇင်းတွေ၊ ကြော်ငြာတွေပဲ ပြန်ရိုက်ဖြစ်ခဲ့ တယ်လို့ အိအိငြိမ်းက ဆက်ပြောပြပါတယ်။

“ညီမတို့ ရိုက် တဲ့ ဗီဒီယိုကား ထွက်တော့ ဘာကား မှန်း တောင် ပရိ သတ် ကမသိလိုက် ကြဘူး။ ရိုက် ခဲ့တာပဲ သိလိုက် ကြတယ်။ ထွက် မထွက်ကို မသိလိုက် ကြဘူးထင်တယ်။ ပြော ရရင် ပြက္ခဒိန်တွေကနေပဲ ပြည်သူ တွေနဲ့ ထိတွေ့ခွင့် အများဆုံးလုပ်ပေး ခဲ့တာလို့ ပြောရ မယ်”လို့ အိအိငြိမ်းက ဆက်ပြော ပြခဲ့ပါတယ်။

အခုလက်ရှိမှာတော့ အေးအေးငြိမ်းက အလှကုန်ကုမ္ပဏီ ကြီးတစ်ခုမှာ အလုပ်ဝင်နေပြီး အိအိငြိမ်းကတော့ မြန်မာနိုင်ငံက နာမည်ကျော်ရေသန့် ကုမ္ပဏီကြီး တစ်ခုမှာ အလုပ်ဝင်နေကြပါတယ်။ အေးအေးငြိမ်းကတော့ အနုပညာ လှုပ်ရှားမှုတွေကို ပြန်လုပ်ဖို့အစီ အစဉ် လောလောဆယ်မရှိေ ပမယ့် လည်း အငယ်မလေးဖြစ်သူ အိအိ ငြိမ်းကတော့ ဂီတကို အလွန်ဝါသနာ ပါသူဖြစ်တာမို့ ဂီတနဲ့ပတ်သက်ပြီး လုပ်ကိုင်သွားမယ့် စိတ်အားထန် သန် နေသလို ငယ်ငယ်ကတည်းက ဖြစ် ချင်ခဲ့တဲ့ ဗြူတီပါလာဆိုင်ကြီးကို လည်း ဖွင့်ချင်တဲ့အတွက် မဖြစ်နိုင် ဘူးဆိုတာ မရှိဘူးဆိုတဲ့စိတ်ခံယူ ချက်နဲ့ ကြိုးစားနေတယ်လို့ ပြောပါ တယ်။

”ပြက္ခဒိန်ရိုက်ခဲ့ရတဲ့ နေ့ရက် တွေကို လွမ်းမိတာတွေ တစ်ခါတစ် ခါတော့ရှိတာပေါ့။ ကျန်တော့ကျန်ခဲ့ ပြီပေါ့လေ။ အဲဒီတုန်းက ညီအစ်မ နှစ်ေ ယာက်စလုံး ဘာမှမသိဘူးလေ။ ကလေးအရွယ်ပဲရှိသေးတော့ အပူ အပင်သိပ်မရှိဘူး။ ပြက္ခဒိန်ကတော့ အေးအေးငြိမ်း၊ အိအိငြိမ်းဆိုပြီးတော့ ပရိသတ်တွေသိစေခဲ့တဲ့ အကြောင်း အရာတွေအဖြစ်နဲ့ အများကြီးဖန်တီး ပေးခဲ့တယ်လို့ ပြောရမှာပါပဲ” လို့ အေးအေးငြိမ်းက ပြောပြခဲ့ပါတယ်။

ထက်လူလူ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ