ဖာဂူဆန်၏အောင်မြင်မှုကို လိုက်မီရန် မဖြစ်နိုင်ဟု မိုယက်စ် ဝန်ခံ


မန်ချက်စတာ ယူနိုက်တက်တွင် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် ရယူခဲ့သည့် အောင်မြင်မှု စံချိန်မျိုးကို လိုက်မီရန် မဖြစ်နိုင်ဟု ဒေးဗစ်မိုယက်စ်က ဝန်ခံ ပြောကြားလိုက်သည်။ အဲဗာတန် အသင်းမှ ပြောင်းရွှေ့လာသည့် စကော့သား မန်နေဂျာက မိမိသည် ဖာဂူဆန် ရယူခဲ့ဖူးသည့် ဆုဖလား အရေအတွက်၏ (၄)ပုံ(၁)ပုံမျှ ပိုင်ဆိုင်နိုင်လျှင်ပင် ကျေနပ်ရမည်ဟု ယူဆကြောင်း ပြောဆိုသွားသည်။

မိုယက်စ်သည် အဲဗာတန်တွင် (၁၁)နှစ်ကြာ ဖြတ်သန်းပြီးနောက် ဖာဂူဆန်၏ နေရာတွင် အစားထိုး ဝင်ရောက်ခဲ့သည်။ အသက်(၅၀) အရွယ်ရှိ မိုယက်စ်သည် လတ်တလောတွင် အသင်း၏ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များအတွက် ဩစတြေးလျ နိုင်ငံသို့ ရောက်ရှိနေသည်။ ဖာဂူဆန်သည် ယူနိုက်တက်ကို (၂၆)နှစ် တာဝန်ယူခဲ့ပြီး ဆုဖလားပေါင်း (၃၈)လုံး ရယူပေးခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ