ဝီလျံနှင့်ကိတ်က သားဖြစ်သူကို ပြည်သူများအား ပြသ


ဝီလျံနှင့်ကိတ်က သားဖြစ်သူကို ပြည်သူများအား ပြသ
ဝီလျံနှင့်ကိတ်တို့သည် စိန့်မေရီဆေးရုံ၏ 
လင်ဒိုအဆောင်အပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေသည့် 
ပြည်သူလူထုများအား သားဖြစ်သူကို ပြသခဲ့


ဗြိတိန်တော်ဝင်စုံတွဲ ကိန်းဘရစ်ခ်ျမြို့စား ဝီလျံနှင့် မြို့စားကတော် ကိတ်မစ်ဒယ်လ်တန်တို့က ၎င်းတို့၏ သားဦး ထီနန်းအမွေခံ တော်ဝင်မင်းသားလေးကို ပြည်သူများနှင့် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ တနင်္လာနေ့ညနေပိုင်းက ကိုယ်အလေးချိန် ၈ ပေါင်နှင့် ၆ အောင်စရှိ ပထမဆုံးရင်သွေးကို မွေးဖွားပြီးနောက် ကိတ်အား မိခင်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ ဝီလျံနှင့်ကိတ်တို့သည် စိန့်မေရီဆေးရုံ၏ လင်ဒိုအဆောင်အပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေသည့် ပြည်သူလူထုများအား သားဖြစ်သူကို ပြသခဲ့ကြသည်။

ပုံမှန်အားဖြင့် ဗြိတိန်ထီးနန်း၏ တော်ဝင်မျိုးဆက်လည်းဖြစ်သော ဝီလျံနှင့်ကိတ်တို့၏ ကလေးကို အခြား ကျော်ကြားသူများကဲ့သို့ပင် အလွယ်တကူ ပြသလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့ကြခြင်းဖြစ်သည်။ သို့သော် ကလေးကို ကိတ်က ကိုယ်တိုင်ချီပွေ့ထားပြီး မင်းသားဝီလျံနှင့်အတူ အများပြည်သူရှေ့တွင် မိသားစုဓာတ်ပုံအရိုက်ခံခဲ့သည်။ ထို့နောက် မင်းသားဝီလျံကလည်း သားဖြစ်သူကို တစ်လှည့်ပွေ့ချီကာ ဓာတ်ပုံအရိုက်ခံခဲ့သည်။ သားဦးလေး မွေးဖွားခြင်းနှင့် ပတ်သက်၍ အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်ကြောင်း ကိတ်က ဖွင့်ဟပြောကြားသည်။

 Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ