အာဆင်နယ်ကစားသမား ဂါဗင်ဟိုကို ရိုးမား ဝယ်ယူမည်



အာဆင်နယ်ကစားသမား ဂါဗင်ဟိုကို ရိုးမား ဝယ်ယူမည် အီတလီ စီးရီအေး ကလပ်အသင်းသည် အာဆင်နယ်တွင်  အောင်မြင်မှု မရခဲ့သည့် အိုင်ဗရီကို့စ် လက်ရွေးစင်အား ပေါင်စတာလင် (၇)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူရန် နောက်ဆုံးအဆင့် ညှိနှိုင်းမှုများ ပြုလုပ်လျှက်ရှိ


အာဆင်နယ် အသင်း၏ တောင်ပံတိုက်စစ်သမား ဂါဗင်ဟိုကို ရိုးမားက အပြီးသတ် ခေါ်ယူနိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ အီတလီ စီးရီအေး ကလပ်အသင်းသည် အာဆင်နယ်တွင် အောင်မြင်မှု မရခဲ့သည့် အိုင်ဗရီကို့စ် လက်ရွေးစင်အား ပေါင်စတာလင် (၇)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူရန် နောက်ဆုံးအဆင့် ညှိနှိုင်းမှုများ ပြုလုပ်လျှက် ရှိသည်။ ဂါဗင်ဟိုသည် ယခုသီတင်းပတ် အကုန်ခန့်တွင် ရိုးမားနှင့် စာချုပ်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ အာဆင်နယ်သည် ဂါဗင်ဟိုနှင့် လမ်းခွဲရန် ကြိုတင် စိတ်ကူးထားသည့် အခြေအနေရှိပြီး အသင်း၏ ရာသီကြို ခြေစမ်းခရီးစဉ်တွင် ၎င်းကို ခေါ်ယူမသွားခဲ့ချေ။

အသက်(၂၆)နှစ်ရှိ ကစားသမားကို ပြင်သစ်ကလပ် အိုလံပစ်လိုင်ယွန်နှင့် အိုလံပစ်မာဆေးလ်တို့ကလည်း စိတ်ဝင်စားခဲ့သေးသည့်တိုင် အငှားကမ်းလှမ်းမှုသာ ပြုလုပ်ခဲ့ရာ အာဆင်နယ်က လက်မခံခဲ့ချေ။ ရိုးမားအသင်းသည် ယခုရာသီတွင် ပြင်ဆင် ပြောင်းလဲမှုများ ကြီးကြီးမားမား လုပ်ဆောင်လျှက် ရှိနေရာ ဂါဗင်ဟိုကိုပါ ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်သည် ယခုနွေရာသီ ဈေးကွက်တွင် တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူရန် ပြင်ဆင်နေရာ အသင်းတွင် အံမဝင်သည့် ဂါဗင်ဟိုအား ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော (၂)နှစ်က ပြင်သစ်ကလပ် လိုင်လီမှ ပေါင်စတာလင် (၁၁)သန်း ဝန်းကျင်ဖြင့် ပြောင်းရွှေ့လာသော်လည်း အမ်းမရိတ်စ်တွင် ပုံမှန်ခြေစွမ်း မပြနိုင်ဘဲ ရုန်းကန်ခဲ့ရသည်။

 Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ